ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဝါဆိုမိုးဦးကတော့ ဗီဒီယိုခေတ်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယခုချိန်မှာတော့ သီချင်းလေးတွေကိုသီဆိုရင်း ပရိသတ်တွေအတွက်အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။ဝါဆိုမိုးဦးရဲ့ချစ်သူ ဖြိုးလေးကလည်းအဆိုတော်တစ်ယောက်ဖြစ်တာကြောင့် ချစ်သူနှစ်ယောက်ကတော့ စိတ်တူကိုယ်တူနဲ့ဝါသနာတူကြပါတယ်နော်။

Photo Credit:Phyo Layy's Facebook Account
Photo Credit:Phyo Layy's Facebook Account
Photo Credit:Phyo Layy's Facebook Account

ဝါဆိုမိုးဦးနဲ့ဖြိုးလေးတို့ချစ်သူနှစ်ယောက်က အေးအတူပူအမျှနဲ့ချစ်လာကြတာ ၄နှစ်နဲ့၂လကျော်ရှိနေပါပြီနော်။ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို အရမ်းချစ်ကြပြီး သူတို့နှစ်ယောက်ရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း တစ်ခဲနက်အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။ဝါဆိုတို့ချစ်သူနှစ်ယောက်က ခရီးတွေလည်းမကြာခဏသွားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်သူဘဝကို အေးချမ်းစွာဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်နော်။

Photo Credit:Phyo Layy's Facebook Account
Photo Credit:Phyo Layy's Facebook Account
Photo Credit:Phyo Layy's Facebook Account

ဒီနေ့ ချစ်သူများနေ့လေးမှာတော့ ဖြိုးလေးက"နေ့ရက်တိုင်းဟာ Valentines နှစ်ပါတ်လည်တွေ ရေတွက်လို့ V-Day ကြီးမှာ အလုပ်တွေ လိုက်လုပ်ပေးရမှာမလို့ စိတ်ဆိုးနေတဲ့ ကောင်မလေး ဒီနှစ်တော့ ဘာမှ မလုပ်ပေးနိုင်လို့ ခွင့်လွှတ်ပါ I love you"ဆိုပြီး ရေးသားထားကာ ချစ်သူဝါဆိုမိုးဦးအတွက် ဒီနှစ်မှာ ဘာမှမလုပ်ပေးနိုင်လို့ ခွင့်လွှတ်ပေးပါဆိုတဲ့အကြောင်းလေးကို လှုမှုကွန်ယက်စာမျက်နှာမှာ ကြည်နူးစရာစုံတွဲပုံလေးတွေနဲ့အတူ မျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit:Phyo Layy's Facebook Account
Photo Credit:Phyo Layy's Facebook Account
Photo Credit:Phyo Layy's Facebook Account

Source&Photo Credit:Phyo Layy's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။