တစ်ယောက်ကို တစ်ယောက် လက်တွဲဖေးမကာ ဝါသနာပါရာအလုပ်တွေကို  လုပ်ကိုင်နေကြသူတွေကတော့   မိတ်ကပ်ဖန်တီးရှင် မေဦးတို့ အတွဲလေးပဲ    ဖြစ်ပါတယ်။  သူတို့အတွဲလေးဟာ တစ်ယောက်ကို  တစ်ယောက်လည်း   အရမ်းကို   ချစ်ကြပြီး   ဘယ်သွားသွားမခွဲအတူ   ရှိတာကြောင့်လည်း    ပရိသတ်တွေကလည်း   သူတို့အတွဲလေးကို   ကြည့်ပြီး   အားကျနေရတာလည်း   ဖြစ်ပါတယ်။  

Photo Credit - May Oo's Facebook Account
Photo Credit - May Oo's Facebook Account
Photo Credit - May Oo's Facebook Account

သူတို့အတွဲလေးရဲ့ ချစ်သက်တမ်းဟာလည်း သုံးနှစ်ကျော်ပြီပဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ကြည်နူးစရာကောင်းနေတာပါ။ သူတို့နှစ်ယောက်ဟာ ခရီးတွေလည်း မကြာခဏ ထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို မကြာခဏ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ပရိသတ်တွေကို ကြည့်နေရင်းနဲ့ အားကျသွားစေမယ့် ဗီဒီယိုလေးတစ်ခု ဝေမျှလိုက်ပြန်ပီပဲ ဖြစ်ပါတယ်။  

Photo Credit - May Oo's Facebook Account
Photo Credit - May Oo's Facebook Account
Photo Credit - May Oo's Facebook Account

ဒါကတော့ သူတို့ရဲ့ ပရိသတ်တွေအတွက် နှစ်ယောက်အတူ ကြည်ကြည်နူးနူးခရီးသွားခဲ့တဲ့ ဗီဒီယိုလေးကို ဝေမျှထားတာပဲ ဖြစ်ပါတယ်။ မေဦးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " တစ်ကယ်လို့ အချစ်သာဘေးနားမှာရှိခဲ့ရင်

ကိုရဲ့နေ့ရက်တိုင်းဟာ every Valentine’s Day ပါပဲ

မေဦးတို့နှစ်ယောက်ရဲ့ ဒီ video လေးဟာ

LGBTIQ အတွက်တင်မကပဲ အချစ်ဆိုတာကို

လိုချင်တဲ့ လူသားတွေအားလုံးအတွက်ပါ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - May Oo's Facebook Account  

Director-Sai Kaung Htet(VEE)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။