မင်းသမီးချောလေးအေးဝတ်ရည်သောင်းကတော့ valentine's dayနေ့အကြောင်းကို ပရိသတ်တွေထံပြောပြလာခဲ့ပါတယ်။ သူမကတော့ " Happy Valentine Everyoneမိန်းမတွေယောက်ျားယူတာဟာအခါကြီးရက်ကြီးကူးနေတာနဲ့ အတူတူပဲတဲ့။သင့်တော်တဲ့၊ ကိုယ့်အပေါ်နားလည်မှုရှိတဲ့ယောက်ျားနဲ့ရရင်နေ့ရက်တိုင်းက သူမအတွက် ချစ်သူများနေ့ဖြစ်တယ်။ကိုယ့်အပေါ်နားလည်မှုမရှိတဲ့ယောက်ျားနဲ့ရရင်နေ့ရက်တိုင်းက သူမအတွက် (မျက်ရည်နဲ့မျက်ခွက်) ရက်လည်နေ့ဖြစ်တယ် " ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit :Aye Wutyi Thaung 's facebook page
photo credit :Aye Wutyi Thaung 's facebook page
photo credit :Aye Wutyi Thaung 's facebook page

သူမကတော့ " ပျင်းတဲ့ယောက်ျားနဲ့ရရင်နေ့ရက်တိုင်းက သူမအတွက် အလုပ်သမားနေ့ဖြစ်တယ်။ချမ်းသာတဲ့ယောက်ျားနဲ့ရရင်နေ့ရက်တိုင်းက သူမအတွက် နှစ်သစ်ကူးနေ့ဖြစ်တယ်။ကလေးဆန်တဲ့ယောက်ျားနဲ့ရရင်နေ့ရက်တိုင်းက သူမအတွက် ကလေးများနေ့ဖြစ်တယ်။လိမ်ညာတတ်တဲ့ယောက်ျားနဲ့ရရင်နေ့ရက်တိုင်းက သူမအတွက် ဧပြီဖူးလ်ဒေးဖြစ်တယ်" ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit :Aye Wutyi Thaung 's facebook page
photo credit :Aye Wutyi Thaung 's facebook page
photo credit :Aye Wutyi Thaung 's facebook page

သူမကတော့ " မြာဗွေတဲ့ယောက်ျားနဲ့ရရင်နေ့ရက်တိုင်းက သူမအတွက် အထီးကျန်နေ့ (Singles Day)ဖြစ်တယ်။တချို့နိုင်ငံမှာ Singles Day ဆိုတာရှိတယ်။ တစ်ကိုယ်ရည်သမားတွေ အတွက်ပေါ့။ ၁၁ရက် ၁၁လမှာ ကျင်းပတယ်လို့ သိရတယ်။ ဖတ်မိတာလေး သဘောကျလို့ ဘာသာပြန်မျှဝေပါတယ်။ လူတစ်ယောက်ကိုချစ်မိလို့အထီးကျန်တာမျိုး မဖြစ်ပါစေနဲ့အထီးကျန်လို့ လူတစ်ယောက်ကိုချစ်မိတာမျိုး မဖြစ်ပါစေနဲ့..နေ့တိုင်း ချစ်သူများနေ့ဖြစ်ပါစေရှင့် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source:Aye Wutyi Thaung 's facebook page 

photo credit :Aye Wutyi Thaung 's facebook page
photo credit :Aye Wutyi Thaung 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။