ပရိသတ်ကြီးရေ.. Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ အမြဲတမ်းပျော်ပျော်နေတတ်လို့ ပရိသတ်တွေအချစ်ပိုရတဲ့ အဆိုတော်မူးလာပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲက သည်းသည်းလှုပ် အချစ်တွေကို သိမ်းပိုက်ထားတဲ့ မူးလာကတော့ အားပေးဝန်းရံကာ ချစ်ခင်ပေးနေကြတဲ့ Fan တွေဆီက လက်ဆောင်တွေ မယူရက်တဲ့အကြောင်းလေးကို ပြောပြလာပါတယ်..။


Photo Credit - Saw Chris Mooler-မူးလာ's Facebook Page
Photo Credit - Saw Chris Mooler-မူးလာ's Facebook Page

ပရိသတ်တွေဆီက မယူရက်တာက အခုလိုအဆိုတော်တစ်ယောက်ဖြစ်လာအောင် ငွေကုန်ကြေးကျခံပြီး အများကြီး တွန်းပို့ပေးခဲ့တဲ့ သူတွေအများကြီးရှိသလို Fan တွေက လုပ်ပေးချင်လို့ အရမ်းပေးချင်လို့ဆိုပေမယ့် ပရိသတ်တွေကို သနားပြီး တကူးကကြီး လုပ်ပေးလာတဲ့အခါမှာလည်း ဝန်ကြီးတယ်ဆိုပြီး မူးလာက ပြောပြထားတာပါ..။

ဒီအဆင့်ထိရောက်ဖို့ တွန်းပို့ပေးခဲ့တဲ့ ကျေးဇူးကိုတောင် ဆပ်လို့ မကုန်သေးဘဲ နောက်ထပ်ကျေးဇူးတစ်ခု ထပ်ရောက်လာတော့ ဒီကျေးဇူးတွေကို မဆပ်နိုင်တော့မှာ အရမ်းကြောက်တယ် အဲ့ဒါကြောင့် မယူရဲပေမယ့် Fan တွေက သူတို့ရဲ့ Idol တွေကို ဒီလိုနေစေချင်လို့ ဒီလိုပေးတဲ့အတွက်တွေကြောင့်လည်း ပိုပိုပြီးတော့ ကြိုးစားသွားရမယ့် အကြောင်းလေးတွေကိုလည်း မူးလာက ရှင်းပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Saw Chris Mooler-မူးလာ's Facebook Page
Photo Credit - Saw Chris Mooler-မူးလာ's Facebook Page

ပျော်ပျော်နေတတ်ပြီး ပရိသတ်တွေကိုလည်း ပျော်ရွှင်စေတဲ့ မူးလာကတော့ Fan အတွက် အမြဲစဉ်းစားပေးသလို မူလီလေးတွေကြောင့် မူးလာဆိုတာ ဖြစ်လာတာပါဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

မူးလာကတော့ သူ့အတွက် မူလီလေးတွေကို ဝန်ကြီးစေတာမျိုး မဖြစ်စေချင်တဲ့အကြောင်းလေးတွေ ပြောပြထားတဲ့ သူ့ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Saw Chris Mooler-မူးလာ's Facebook Page
Photo Credit - Saw Chris Mooler-မူးလာ's Facebook Page

Photo Credit - Saw Chris Mooler-မူးလာ's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။