MRTV-4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကိုရရှိကာ အနုပညာလမ်းကြောင်းမှာရပ်တည်နေသူလေးကတော့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းပဲဖြစ်ပါတယ်။ သူလေးက ကလေးလေးတစ်ယာက်လိုချစ်စရာကောင်းတဲ့အပြင် သရုပ်ဆောင်ပီပြင်တာကြောင့် ပရိသတ်ရင်ထဲ အချိန်တိုအတွင်းရောက်ရှိလာတဲ့ သူလေးပဲဖြစ်ပါတယ်။ Forever Groupကရိုက်ကူးတဲ့ ဇာတ်လမ်းတွဲအတော်များများမှာလည် းပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ 

Photo Credit; Nan Sandar Hla Htun's FB

အခုလက်ရှိမှာလည်းသူမက ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ အနုပညာရှင်များစွာနဲ့ အတူ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ ဒီနေ့မှာကျရောက်တဲ့ ချစ်သူများနေ့မှာ မင်းသမီးလေး နန်းစန္ဒာလှထွန်းက "Valentine day နဲ့ကွက်တိ အေးဖြူ လိုက်သွားလိုက်တာပါ... Ro မိသွားလား"ဆိုတဲ့ စာသားလေးအတူ အနုပညာညီအကိုမောင်နှမများနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ 

Photo Credit; Nan Sandar Hla Htun's FB
Photo Credit; Nan Sandar Hla Htun's FB

ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်ကြီးက အချစ်တွေ ပိုမိမယ်ထင်ပါတယ်။ နန်းစန္ဒာလှထွန်းရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ အခုရိုက်ကူးနေတဲ့ "ကျွန်တော်အမုန်းဆုံး ကျွန်တော်"ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုလည်း အားပေးလိုက်ကြပါအုန်းနော်.....။

Photo Credit; Nan Sandar Hla Htun's FB
Photo Credit; Nan Sandar Hla Htun's FB

Photo Credit; Nan Sandar Hla Htun's FB

Source; Nan Sandar Hla Htun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။