ပရိသတ်ကြီးရေ လင်းဇာနည်ဇော်ရဲ့သမီးချောလေးဖြစ်တဲ့ မြူလင်းကိုကိုကတော့ သြစတေးလျမှာ နှစ်တွေအကြာကြီးပညာသင်ကြားခဲ့တာဖြစ်ပြီး လတ်တလောမှာဆိုရင်တော့ မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။မြူလင်းကိုကိုကလည်း အမေတူသမီးလေးဖြစ်လို့ အနုပညာကို ဝါသနာပါပြီးမင်းသမီးဖြစ်ချင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။မြူလင်းလေးကတော့ ပြန်ရောက်နေတဲ့အချိန်လေးမှာ မေမေတို့ရဲ့အလုပ်တွေကိုလည်းကူညီလုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။

Photo Credit:Myu Linn Ko Ko's Facebook Account
Photo Credit:Myu Linn Ko Ko's Facebook Account
Photo Credit:Myu Linn Ko Ko's Facebook Account

ပရိသတ်တွေကတော့ လင်းဇာနည်ဇော်ကိုလည်း အားပေးချစ်ခင်ကြသလို အရုပ်မလေးနဲ့တူတဲ့မြူလင်းကိုကိုကိုလည်းချစ်ကြတာဖြစ်ပါတယ်။မြူလင်းလေးကလည်း မေမေနဲ့ချွတ်စွပ်တူတယ်လို့ပြောလို့ရအောင် မျက်နှာဝိုင်းဝိုင်း၊အသားဖြူဖြူလေးနဲ့အရမ်းချစ်ဖို့ကောင်းပါတယ်နော်။လင်းဇာနည်ဇော်က သမီးလေးလည်းပြန်ရောက်နေတာကြောင့် အဖော်ရနေတာဖြစ်ပြီး သားအမိနှစ်ယောက်ပျော်ပျော်ပါးပါး Shopping တွေလည်းထွက်ကြတာဖြစ်ပါတယ်။

Photo Credit:Myu Linn Ko Ko's Facebook Account
Photo Credit:Myu Linn Ko Ko's Facebook Account

မြူလင်းလေးကတော့ ၂၀ကျော်အရွယ်လှသွေးကြွယ်နေတဲ့အချိန်လေးမှာ အသားအရည်လေးကလည်းနုဖတ်ပြီး ဖြူဖွေးဥနေတာကြောင့် သူမရဲ့ရွှေရောင်ဆံပင်လေးနဲ့ဆိုရင် ဘိုမရုပ်လေးလို့တောင်အထင်မှားစရာပါနော်။မေမေလင်းဇာနည်ဇော်လိုပဲ ချစ်မွှေးပါတဲ့မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားပြီး တစ်နေ့တစ်ခြားပိုပိုချစ်ဖို့ကောင်းလာတဲ့ မြူလင်းကိုကိုရဲ့ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myu Linn Ko Ko's Facebook Account
Photo Credit:Myu Linn Ko Ko's Facebook Account
Photo Credit:Myu Linn Ko Ko's Facebook Account

Source&Photo Credit:Myu Linn Ko Ko's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။