ပရိသတ်ကြီးရေ ယခုမှာဆိုရင်တော့ မိတ်ကပ်ပညာရှင်တစ်ယောက်အပြင် အနုပညာနယ်ပယ်မှာ အချိန်အတိုတွင်း နေရာတစ်ခုကို အခိုင်အမာရပ်ထားတဲ့ ယသူကတော့ ဟန်နာယူရီ လေးပဲဖြစ်ပါတယ်နော်..။ သူမဟာ မိတ်ကပ်ပညာနယ်ပယ်မှာ ယခုဆိုရင် အောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဟန်နာယူရီ လေးကတော့အသားအရည်လေးတွေက ဖြူဖွေးနုဖက်လွန်းနေပြီး အမှတ်မထင် ကိုရီးယားမင်းသမီးလေးတစ်ယောက်လို ထင်မှတ်ရလောက်အောင်ချောမော လှပလွန်းနေတဲ့ အပြင် ချစ်စရာလည်းကောင်းလောက်ပါတယ်နော်.။

Photo Credit -Hannayuri’s Facebook page
Photo Credit -Hannayuri’s Facebook page

ယခုမှာဆိုရင်တော့ ဟန်နာယူရီလေးက ရွှေတိဂုံဘုရားကိုသွားရောက်ပြီး ဆီမီး ၈၀၀၀ နဲ့ အခြား မွန်မြတ်တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ခဲ့ တဲ့ ပုံရိပ်လေးတွေကို တင်ပေးလားခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ ဟန်နာယူရီ က ရိုးရိုးယဉ်ယဉ်လေးနဲ့ မြင်သူတိုင်း အားကျရလောက်မယ့် မြန်မာဆန်ဆန် ဝတ်စုံလေးကိုဝတ်ဆင်ကာကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တာလေးတွေကလည်း ချစ်စရာကောင်းလောက်ပါတယ်နော်..။ ပရိသတ်ကြီးကလည်း ကောင်းမှုကုသိုလ်ယူနေတဲ့ ဟန်နာယူရီ ရဲ့ ပုံရိပ်လေးတွေကို အသည်းလေးတွေပေးလိုက်ပါဦးနော်..။ 

Photo Credit -Hannayuri’s Facebook page
Photo Credit -Hannayuri’s Facebook page

ဒီပုံလေးတွေနဲ့ ချစ်တဲ့ပရိသတ်တွေကို Happy Valentine’s Day နေ့လေးကို သူမက ဆုမွန်ကောင်းတောင်းပေးထားတာလေးနဲ့အတူ ဘုရားမှာပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်ပြုလုပ်ခဲံလေးတွေကို “ချစ်ရတဲ့သူလေးတွေအားလုံးHappy Valentine’sDayပါဒီနေ့မှမဟုတ်ဘူးနေ့စဉ်နေ့တိုင်းRiချစ်တဲ့သူတွေကျန်းမာပြီးစိတ်နှလုံးအေးချမ်းပျော်ရွင်ပါစေဆုတောင်းပါတယ် မနေ့ကဆီမီး၈၀၀၀ပူဇော်ပွဲလေးမှာကုသိုလ်ပြုရင်း အားလုံးအတွက်သောက်တော်ရေပန်းတော် နဲ့ တရားပွဲရှိတာကြုံတာနဲ့သံဃာတော်တွေအတွက် Ri နဲ့ sunshines ကုသိုလ်ပါအောင်ခါတိုင်းလိုပဲအတူတူလှူဒါန်းပေးခဲ့ပါတယ်သာဓုခေါ်ပါရှင်” ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်…။ ကဲ့ချစ်ပရိသတ်ကြီးရေ ဟန်နာယူရီ ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Hannayuri’s Facebook page
Photo Credit -Hannayuri’s Facebook page

Source & Photo Credit -Hannayuri’s Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။