ပြည်သူချစ်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီးယနေ့အချိန်ထိတိုင် သူမကိုချစ်တဲ့ပရိသတ်အများအပြားကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့ အနုပညာအရည်အသွေးတွေကလည်း တစ်နှစ်ထက်တစ်နှစ်ပိုပိုကောင်းလာပြီး ပရိသတ်တွေအားပေးရကျိုးနပ်တဲ့အနုပညာရှင်တစ်ယောက်ပါနော်။အိန္ဒြာကျော်ဇင်ကို ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေကလည်း သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်ကြည့်အားပေးနေကြတာပါ။

Photo Credit:Eaindra Kyaw Zin's Facebook Page
Photo Credit:Eaindra Kyaw Zin's Facebook Page
Photo Credit:Eaindra Kyaw Zin's Facebook Page

အိန္ဒြာကျော်ဇင်ကတော့ သားတစ်ယောက်၊သမီးတစ်ယောက်ကိုမွေးဖွားထားတဲ့ မိခင်ဖြစ်ပေမယ့်လည်း အပျိုရှုံးလောက်အောင်လှပသူဖြစ်ပါတယ်နာ်။အနုပညာအလုပ်တွေကိုလည်းကြိုးစားလုပ်ဆောင်နေသလို သူမရဲ့မိသားစုကိုလည်းအချိန်ပေးပြီးဂရုစိုက်စောင့်ရှောက်ပေးတဲ့ အိမ်ရှင်မတစ်ယောက်ပါ။အူဝဲရဲ့ချစ်ခင်ပွန်း ပြေတီဦးကလည်း မိသားစုအပေါ်မှာတာဝန်ကျေပြွန်တာကြောင့် အူဝဲရဲ့မိသားစုဘဝလေးက သာယာနွေးထွေးပါတယ်နော်။

Photo Credit:Eaindra Kyaw Zin's Facebook Page
Photo Credit:Eaindra Kyaw Zin's Facebook Page

လတ်တလောမှာဆိုရင် အိန္ဒြာကျော်ဇင်က ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့အတွက် ဘာလီကျွန်းကိုရောက်ရှိနေပြီး အနုပညာမောင်နှမတွေနဲ့အတူပျော်ပျော်ပါးပါးဇာတ်ကားရိုက်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ အိန္ဒြာကျော်ဇင်က "Valentines day မှာဒီလိုတစ်ယောက်ထဲပါပဲ"ဆိုပြီး ရေးသားထားကာ တစ်ယောက်တည်းငေးမောနေတဲ့အလှပုံလေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Eaindra Kyaw Zin's Facebook Page
Photo Credit:Eaindra Kyaw Zin's Facebook Page
Photo Credit:Eaindra Kyaw Zin's Facebook Page

Source&Photo Credit:Eaindra Kyaw Zin's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။