ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော်အောင်လနဲ့အဆိုတော်၊သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းတို့ချစ်သူနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်လည်းအရမ်းချစ်ကြပြီး အေးအတူပူအမျှလက်တွဲနေကြတဲ့အားကျစရာစုံတွဲလေးပဲဖြစ်ပါတယ်နော်။ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကိုအရမ်းချစ်ကြကာ ဝိုင်းစုတို့ရဲ့ကြည်နူးနေကြတဲ့စုံတွဲပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်ပြီး အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Reodineius Aung La's Facebook Account
Photo Credit:Reodineius Aung La's Facebook Account
Photo Credit:Reodineius Aung La's Facebook Account

ဝိုင်းစုခိုင်သိန်းနဲ့အောင်လတို့ချစ်သူနှစ်ယောက်က သီချင်းအသစ်တွေကိုလည်းအတူတူဖန်တီးကြပြီး နားလည်မှုအပြည့်နဲ့ရှေ့ဆက်နေကြတာပါနော်။ဝိုင်းစုကလည်း မကြာသေးခင်လပိုင်းအတွင်းမှာ သီချင်းခွေအသစ်လေးထွက်ရှိထားပြီး ပရိသတ်တွေကြားမှာအောင်မြင်တဲ့တေးစီးရီးလေးဖြစ်ပါတယ်။အောင်လကတော့ ချစ်သူကိုစိတ်ချမ်းသာအောင်ထားပေးပြီး အစစအရာရာဂရုစိုက်စောင့်ရှောက်ပေးတဲ့သူဖြစ်ပါတယ်နော်။

Photo Credit:Reodineius Aung La's Facebook Account
Photo Credit:Reodineius Aung La's Facebook Account
Photo Credit:Reodineius Aung La's Facebook Account

ဝိုင်းစုကလည်း အောင်လကို ကြင်နာနွေးထွေးမှုအပြည့်နဲ့ဆက်ဆံပေးတာကြောင့် သူတို့နှစ်ယောက်ရဲ့ချစ်ခရီးလမ်းလေးက သာယာဖြောင့်ဖြူးပါတယ်နော်။အခုဆိုရင်လည်း ဝိုင်းစုက အောင်လရဲ့ပါးပြင်လေးကို နမ်းနေပြီး အောင်လကတော့ "However the weather is cold,ur kiss makes me warm."လို့ရေးသားထားကာ ရာသီဥတုဘယ်လောက်အေးအေး ဝိုင်းစုရဲ့အနမ်းလေးကနွေးအောင်ပြုလုပ်ပေးတယ်ဆိုပြီးကြည်နူးစရာစကားလေးကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Reodineius Aung La's Facebook Account
Photo Credit:Reodineius Aung La's Facebook Account
Photo Credit:Reodineius Aung La's Facebook Account

Photo Credit:Reodineius Aung La's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။