အရွယ်တင်နုပျိုလှပနေပြီး အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်အောင်မြင်နေတဲ့သူလေးကတော့ မင်းသမီးချောလေးနန်းစုရတီစိုးပါ။ သူမဟာ အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများပါ ရိုက်ကူးအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ နန်းစုဟာ ယခုလတ်တလောတွင်ပွဲအခမ်းအနားများ တက်ရောက်နေပြီး photo shootingများလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။


Photo Credit-Nansu Yati Soe's Facebook acc
Photo Credit-Nansu Yati Soe's Facebook acc

နန်းစုရတီစိုးဟာ မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင် "ပင်လယ်ကြီးရေ ကျမက ရှင့်လောက် မာယာတွေလည်းမများ"ဆိုတဲ့ captionလေးနဲ့ပုံလေးတွေတင်ပေးလာပါတယ်။ သူမဟာ ပန်းနုရောင်ဂါ၀န်လေးကို၀တ်ဆင်ထားပြီး အသားအရည်လေးကလည်း ဖြူဖွေးနုဖတ်နေတာပဲဖြစ်ပါတယ်။ နန်းစုလေးကတော့ အမြဲတန်းအရွယ်တင်နုပျိုလှပနေတာပါပဲနော်။


Photo Credit-Nansu Yati Soe's Facebook acc
Photo Credit-Nansu Yati Soe's Facebook acc

နန်းစုရတီစိုးဟာ လတ်တလောတွင်သီချင်းအသစ်များလည်း သီဆိုထုတ်လုပ်နေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော နန်းစုလေးကိုအားပေးကြမယ်မလား။ ပင်လယ်ကမ်းခြေမှာလှသွေးကြွယ်နေတဲ့ နန်းစုရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Nansu Yati Soe's Facebook acc
Photo Credit-Nansu Yati Soe's Facebook acc

Source-Nansu Yati Soe's Facebook acc

Photo Credit-Nansu Yati Soe's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။