ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် ဆယ်လီစုံတွဲလေးကတော့ သရုပ်ဆောင်ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ စုံတွဲလေးပဲ ဖြစ်ပါတယ်..။

ကြည်နူးစရာ မိသားစုဘဝလေးကိုလည်း လိုက်ဖက်ညီညီ ပျော်ရွှင်စွာ ဖြတ်သန်းနေကြတဲ့ သူတို့ စုံတွဲလေးကတော့ အနုပညာပိုင်းမှာလည်း ပရိသတ်တွေရင်ထဲက အကယ်ဒမီတွေကို ဆွတ်ခူးပိုင်ဆိုင်ထားကြသူတွေပါပဲ..။


Photo Credit - Zenn Kyi’s Facebook Account
Photo Credit -Christina Kyi’s Facebook Page

ယနေ့အချိန်အထိ ရုံတင်ပြသနေဆဲဖြစ်တဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေအကယ်ဒမီမှန်းပေးနေကြတဲ့ အပေါ်မှာလည်း သူမရဲ့ပီတိလေးတွေကို ပြောပြလာပါတယ်နော်..။

ယနေ့အချိန်ထိ ရုံတင်ပြသခွင့်ရတဲ့အတွက် ရုံပိုင်ရှင်တွေနဲ့ အားပေးနေကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားလေး ဆိုထားပြီး အကယ်ဒမီမှန်းပေးကြတဲ့အတွက်လည်း ကြည်နူးပီတိဖြစ်ကာ ပျော်နေတာပဲ ဖြစ်ပါတယ်..။


Photo Credit - Christina Kyi’s Facebook Page
Photo Credit - Christina Kyi’s Facebook Page

“အားပေးတာနဲ့တင် ကျေးဇူးတင်ပါတယ် အဓိကကတော့ အကယ်ဒမီ မှန်းပေးပေး မပေးပေးပေါ့ ထွက်ကြည့်တာနဲ့ကို အရမ်းကို ကျေးဇူးတင်ပါတယ် အားပေးကြတဲ့ပရိသတ်တွေ ဒီနေ့အထိပေါ့နော် ရုံမှာဆက်ပြနေဆဲဖြစ်နေတဲ့အတွက်ကြောင့်မို့ နောက်ကားတွေအတွက်လည်း အားရှိတယ် ဒီကားကို မြန်မာနိုင်ငံမှာရော စင်္ကာပူမှာရော အားပေးတဲ့ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်..” ဆိုပြီး ပြောပြထားတာပါ..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ ချစ်ပရိတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားလေးနဲ့ ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်းလေးတွေ ပြောပြထားတဲ့ ခရစ္စတီးနားခီရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Christina Kyi’s Facebook Page
Photo Credit - Zenn Kyi’s Facebook Account

Photo Credit - Zenn Kyi’s Facebook Account & Christina Kyi’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။