Mobile Legends Tank တွေထဲမှာ ဘယ်ခေတ်ဘယ်ခါရောက်ရောက် နေရာလုံးဝမပျောက်တဲ့ Tank ကတော့ Grock ပဲဖြစ်ပါတယ်။ ဒါတောင်သူ့ကို Nerf ပြီးရင် Nerf ကြတာပါ...သို့သော်လဲ Skill တွေကတော့ ဘယ်လိုပြဲဖစ်ဖြစ်ကောင်းတာမို့ ခေတ်မပျောက်ပါဘူး။ သူရဲ့ Skill တွေကိုလဲတော်တော်များများ သိထားကြပြီးပြီးလို့ထင်ပါတယ်။ သို့သော်လဲ မသိသေးတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။  

Skill 1 ကတော့ ကြာကြာဖိလေ Damage ပိုထိလေးပဲဖြစ်ကာ သူအဲ့လိုလှည့်ဖိုလုပ်နေချိန် stun,hold,morph,slow,knockback airborne စတာတွေက သူ့ကို Immune စေပါမယ်။ တစ်ချက်တစ်ချက်လှည့်ရင် နစ်နေတာပဲ သွေးတွေလျော့ချက်က..ကြမ်းတယ်။ Skill 2 ကတော့ ချိန်ထားတဲ့နေရာကို နံရံပစ်လိုက်တာဖြစ်ပြီး လမ်းပိတ်စေပါတယ်။ Ulti ကတော့ အရှေ့ကို အရှိန်နဲ့ ပြေးဝင်သွားတာဖြစ်ပြီး Damage ထိစေကာအတာအဆီးတွေနဲ့ ထိရင်ထပ်ပြီး ရန်သူကို Damage ထိစေပါတယ်။ 

Passive ကတော့ Turrent တွေနားမှာနေရင် ရန်သူတွေပေးတဲ့ Damage ကိုလျော့ချပေးပါတယ်။ Tank Player တော်တော်များများ ကြိုက်ကြတဲ့ Tank Hero တစ်ကောင်ပဲဖြစ်ပါတယ်။ Battle ဆိုင်တဲ့အခါမှာ Skill 1 ကိုဖိပြီး ဝင်ကာ လှည့်ပါ။ အဲ့နောက်မှာတော့ ရန်သူနား အတာအဆီးရှိရင် Ulti နဲ့ပြေးဝင်ပါ။ မရှိရင် Skill 2 နဲ့ နံရံလုပ်ပြီး ပြေးတိုက်ပါ။

Devil Knight

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။