ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Barry Scrapyard" ဘာရီ ယာဉ်ဖျက်ကျင်း အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ်တွင် ဗြိတိန်နိုင်ငံရဲ့ အများပိုင် မီးရထားလုပ်ငန်းက သက်တမ်းလွန် ယာဉ်များအားတစ်စစီ ဖြုတ်သိမ်းတဲ့ အစီအစဉ်ကို ကျယ်ပြန့်စွာဆောင်ရွက်ရန် ကြေညာခဲ့ပါတယ်။ ထိုအစီအစဉ်တွင် ပိုလျှံနေတဲ့ ကုန်တွဲ ၆၅၀၀၀၀ နှင့် ရေနွေးငွေ့သုံး မီးရထားစက်ခေါင်း ၁၆၀၀၀ ပါဝင်ပါတယ်။ ထိုယာဉ်များအား ဖျက်သိမ်းမယ့် တာဝန်ကို ဗြိတိသျှ မီးရထား လုပ်ငန်းတစ်ခုတည်းက ဆောင်ရွက်ရန် အရေအတွက်များလွန်းနေသဖြင့် အနည်းငယ်ခွဲကာ ပုဂ္ဂလိက ဖျက်ကျင်းများသို့ ရောင်းချခဲ့ပါတယ်။

photo credit pngtree

အဲ့ဒီအထဲမှာ ဝေလနယ်တောင်ပိုင်း၊ ဘာရီ ဒေသရှိ ဝုဒ်ဟမ်ဘရားသားစ် ယာဉ်ဖျက်ကျင်းလည်း ပါဝင်ခဲ့ပါတယ်။ ဝုဒ်ဟမ်ဘရားသားစ် ယာဉ်ဖျက်လုပ်ငန်းဟာ အစောပိုင်းကာလများတွင် ရေနွေးငွေ့ စွမ်းအင်သုံး မီးရထားခေါင်းများအား တစ်စစီ ဖြတ်တောက်ပြီး ဘာရီသို့ သယ်ယူခဲ့သော်လည်း ၁၉၆၅ ခုနှစ် နွေဦးမှစ၍ ဖျက်သိမ်းမယ့် ယာဉ်များအား ဒလိမ့်တုံးများတွင် တင်လျက် မဖြတ်မတောက်ဘဲ ယာဉ်ဖျက်ကွင်းသို့ အစင်းလိုက်သယ်ယူခဲ့ပါတယ်။ ထိုသို့ သယ်ယူလာသော သံချေးများတက်နေတဲ့ မီးရထားစက်ခေါင်းများအား လေဟာပြင်ထဲတွင် ထားရှိရာမှ ဘာရီ ယာဉ်ဖျက်ကွင်းဟာ ထင်ရှားသော ခရီးသွားနယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်။

photo credit pngtree

ဝုဒ်ဟမ်ဘရားသားစ် ယာဉ်ဖျက်ကွင်းဟာ ရှားပါး စက်ခေါင်းများကို ကောင်းမွန်စွာ ထိန်းသိမ်းထားသော ရထားလမ်းများပေါ်တွင် ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် ၊ စက်တင်ဘာလတွင် ပြန်လည်ပြင်ဆင်ထားတဲ့ ပထမဦးဆုံးသော မီးရထားစက်ခေါင်းဟာ ယာဉ်ဖျက်ကွင်းမှ ထွက်ခွါနိုင်ခဲ့ပြီး ၁၉၇၀ နှစ်မှာတော့ ရထားခေါင်းများစွာက ဖျက်သိမ်းမှုမှ လွတ်မြောက်ခဲ့ကြပါတယ်။ ယာဉ်ဖျက်ကွင်းမှ ၂၁၃ စင်းမြောက် ထွက်ခွါ နိုင်ခဲ့သော ရထားဟာ၂၀၁၃ ခုနှစ် မတ်လတွင် ဖျက်ကွင်းပြင်ပသို့ ရောက်ရှိခဲ့ပါတယ်။ ယခုအခါတွင် ဝုဒ်ဟမ်ဘရားသားစ် ယာဉ်ဖျက်ကွင်းမှ ပြုပြင်ထိန်းသိမ်းထားသော ရေနွေးငွေ့စွမ်းအားသုံး မီးရထားစက်ခေါင်းများအား ဗြိတိန်နိုင်ငံရထားလမ်းများ ပေါ်တွင် မောင်းနှင်ခုတ်မောင်းနေတာကို မြင်တွေ့ကြမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။