ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့အချစ်တွေကို ဆယ်စုနှစ်တွေကတည်းက အများဆုံးရရှိထားတဲ့ ပြည်သူ့အချစ်ောတ် မင်းသမီးချော အကယ်ဒမီသက်မွန်မြင့်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်နော်..။

ယောကျ်ားလေးမိန်းကလေး ပရိသတ်တွေမရွေး အားလုံးကချစ်ခင်ကြတဲ့ ချစ်သက်လေးကတော့ သရုပ်ဆောင်ပီပြင်ပိုင်နိုင်ပြီး ကောင်းတဲ့အပြင် ကလေးတစ်ယောက်လို ဟန်ဆောင်မှုကင်းပြီး ချစ်စရာကောင်းတာလေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေပါပဲ..။


Photo Credit - Thet Mon Myint's Facebook Page
Photo Credit - Thet Mon Myint's Facebook Page

ပရိသတ်အချစ်တော်လေး သက်မွန်ကတော့ ဒီနှစ်အတွက် သူမရဲ့အကယ်ဒမီရင်ခုန်သံတွေကို ပြောပြလာပြီး သရုပ်ဆောင်မင်းသားချောလေးတွေဖြစ်ကြတဲ့ ထွန်းကိုကိုနဲ့ ကောင်းပြည့်တို့ကလည်း သူမအတွက် ဆုတောင်းစကားလေး ပြောပေးလာပါတယ်နော်..။

“မကြီးအတွက်ကတော့ ကားတွေလည်း ပါတယ် ပါတဲ့ကားတွေလည်း အရမ်းကောင်းတယ် ကျွန်တော်တို့နဲ့တွဲပြီး သရုပ်ဆောင်ကတည်းက သိရတယ် မကြီး အကယ်ဒမီဆုတွေလည်း အများကြီးရပါစေ မကြီးအတွက်လည်း ရင်ခုန်နေပါတယ်..” ဆိုပြီး ထွန်းကိုကိုက ဆုတောင်းပေးထားသလို ကောင်းပြည့်ကလည်း “အစ်မအတွက်ကတော့ အစ်မကတော့ ပြောစရာမလိုတော့ပါဘူး အိုင်တင်ကလည်း ကောင်းပြီးသားဆိုတော့ နောက်ထပ် အကယ်ဒမီဆုတစ်ဆု ထပ်ရပါစေလို့လည်း ဆုလည်းဆုတောင်းပါတယ် နောက်ထပ်လည်း အကယ်ဒမီဆုတွေကတော့ ရဦးမှာပါ ..” ဆိုပြီး ဆုတောင်းစကားလေး ပြောလိုက်တာ ဖြစ်ပါတယ်..။


Photo By Myanmarload
Photo By Myanmarload

ချစ်သက်လေးကတော့ သူမအတွက် ဒီနှစ်အကယ်ဒမီရင်ခုန်သံလေးကတော့ အူဝဲ၊ ကစ်ကစ်နဲ့ သုသုလေးတို့ကို ချီးကျူးစကားလေးတွေ ဆိုထားပြီး “ကိုယ်ကတော့ ကိုယ့်ရဲ့လုပ်ပိုင်ခွင့် လုပ်နိုင်တဲ့စွမ်းရည်ကို အစွမ်းကုန်ချပြခဲ့ပြီးပြီ နောက်ပိုင်းကတော့ ကံတရားပေါ့နော် ကံကောင်းရင်လည်း ထူးချွန်တဲ့ဆု ချီးမြှင့်ခံရမှာပေါ့နော် ဒါပေမယ့် အများကြီးလည်း မမျှော်လင့်ရဲပါဘူး ..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

ရင်ခုန်စရာကားတွေ အများကြီးရှိတဲ့အထဲမှာ သူမအတွက် ရင်ခုန်ပေးတဲ့အတွက် ကျေးဇူးတင်သလို ဆုတောင်းပေးကြဖို့လည်း ပြောထားတဲ့ ချစ်သက်လေးတို့ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo Credit - Thet Mon Myint's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။