ချစ်ပရိသတ်ကြီးရေ နာမည်ကြီးတေးသံရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်ပိုပိုကတော့ ဂီတလမ်းကြောင်းထက်မှာ အောင်မြင်မှုများစွာဆွတ်ခူးပြီး လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်။ ပိုပိုက "ချစ်ဖူးခဲ့သမျှ" ဆိုတဲ့ ပထမဆုံးတေးအယ်ဘမ်လေးနဲ့တင် ပရိသတ်တွေကြားမှာ တစ်ဟုန်ထိုးနာမည်ရလာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပိုပိုက တေးသီချင်းအသစ်တွေဖန်တီးသီဆိုရင်း အမာခံပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိနေတာ ဖြစ်ပါတယ်။

Photo Credit : Po Po facebook Account
Photo Credit : Po Po facebook Account

ပရိသတ်တွေရဲ့ အသည်းကျော်လေး ဖြစ်တဲ့ အဆိုတော်မလေး ပိုပိုကတော့ အမျိုးသားပရိသတ်တွေရဲ့ နှလုံးသားကို သူမရဲ့တေးသီချင်းလေးတွေနဲ့ ရစ်ပတ်ဖမ်းစားထားသူ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းပြီး အခွေတိုင်းပေါက်ကာ အောင်မြင်နေတဲ့ ပိုပိုကတော့ လတ်တလော လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အမျိုးသမီးအဆိုတော်တစ်ဦး ဖြစ်ပါတယ်။

Photo Credit : Po Po facebook Account
Photo Credit : Po Po facebook Account

လတ်တလောမှာတော့ One Lady Show အတွက် မန္တလေး စာနယ်ဇင်းရှင်းလင်းပွဲက အမှတ်တရ ပုံလေးတွေ ကို သူမရဲ့ဖေ့ဘွတ်အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးထဲမှာ ပိုပိုတစ်ယောက် ဆွဲဆောင်မှုရှိရှိနဲ့ လှရက်လွန်းနေတာလည်းဖြစ်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးတွက် ပိုပိုရဲ့ ပုံလေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Po Po facebook Account

Source & Photo Credit : Po Po facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။