MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲရဲ့ ရာသီသိမ်း ရတော့မယ့်အချိန်နဲ့ အားလုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားရမယ့် အချိန်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။လာမယ့် ဖေဖော်ဝါရီ ၁၅ ရက် (စနေနေ့)မှာလည်း သူတို့နှစ်သင်းရဲ့ ဒုတိယ အကျော့တွေ့ဆုံမှု အဖြစ် MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲကို ယှဉ်ပြိုင်ကစားရတော့မှာပါ။ လက်ရှိအချိန်မှာ VUC FC က ရမှတ်တူ၊ ဂိုးကွာခြားချက် အသာစီးနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပေမဲ့ ဒီပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရင်တော့ MIU FC က ဗိုလ်ဝင်ခံသွားဖို့ရှိနေတာကြောင့် ဒီနှစ်ဖူဆယ်လိဂ်ရဲ့ နောက်ဆုံးပွဲစဉ်ပွဲစဉ်ဟာ အနိုင်ရရှိရေးကို ဦးစားပေး ကစားကြမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။

Photo Credit - Myanmar Football Federation’s Facebook page
Photo Credit - Myanmar Football Federation’s Facebook page

MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာလည်း VUC FC အသင်းက ကစားသမား ဒီကာဗယ်ဟို ဂျူနီယာက သွင်းဂိုး (၃၉) ဂိုးနဲ့ ဦးဆောင်နေပြီး ထိပ်တန်းဂိုးသွင်းသူစာရင်းမှာလည်း VUC FC က ကစားသမားတွေ တော်တော်များများ ပါဝင်နေခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ဒီနှစ်ပြိုင်ပွဲရဲ့ ပထမအကျော့မှာ MIU FC ကစားသမား ရီနာတိုဟာ (၃၁) ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ပထမအကျော့ အပြီးမှာ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ MIU FC က ကစားသမား နှစ်ဦးဖြစ်တဲ့ ခင်ဇော်လင်းနဲ့ စိုင်းပြုံးအောင်တို့ကတော့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ အဆင့် (၉) နဲ့ (၁၀)နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit - Myanmar Football Federation’s Facebook page
Photo Credit - Myanmar Football Federation’s Facebook page

တစ်သင်းကို ပွဲစဉ်ပေါင်း (၂၀) စီ ကစားပြီးချိန်မှာတော့ VUC FC က သွင်းဂိုး ၂၀၂ ဂိုး (တစ်ပွဲပျှမ်းမျှ ၁၀.၁ ဂိုး)သွင်းယူထားပြီး MIU FC ကတော့ သွင်းဂိုး ၁၇၆ ဂိုး (တစ်ပွဲပျှမ်းမျှ ၈.၈ ဂိုး) စီ သွင်းယူထားကြတာကို တွေ့ရမှာပါ။ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုမှာ ဘယ်သူအသာရမယ်ဆိုတာကတော့ ပွဲကစားချိန် ပြီးဆုံးမှသာ သိနိုင်မှာဖြစ်လို့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုအတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်လာမယ့် VUC FC နဲ့ MIU FC တို့ရဲ့ ပွဲစဉ်ကို မလွတ်တမ်း လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲရဲ့ ပွဲစဉ်တိုင်းကို အမျိုးသား အားကစားပြိုင် ပွဲရုံ(၂) လှိုင်မှာ ကျင်းပနေတာဖြစ်ပြီး ကွင်းဝင်ကြေးက အခမဲ့ပါ။ MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲရဲ့ (Week-22) ပွဲစဉ်များကို ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ် ကနေ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo Credit - Myanmar Football Federation’s Facebook page

Source & Photo Credit - Myanmar Football Federation’s Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။