မိတ်ကပ်လောကမှာ အကောင်းဆုံးပြင်ဆင်ခြယ်သမှုတွေကြောင့် ဆရာတစ်ဆူအနေနဲ့သတ်မှတ်လို့ရတဲ့ မိတ်ကပ် မထက်ကို ပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ မိန်းမလျာတစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးတွေပါငေးမောသွားစေနိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ မထက်ဟာ ယခုလတ်တလောတွင် ရုပ်ရှင်ကားကြီးများလည်း ရိုက်ကူးအောင်မြင်နေပြီပဲဖြစ်ပါတယ်။


Photo Credit-Hlaing Banyar
Photo Credit-Hlaing Banyar

မထက်ဟာ မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင် ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်နဲ့အတူ တွဲရိုက်ထားတဲ့romanticဆန်ဆန် အမိုက်စားပုံရိပ်လေးတွေကိုတင်ပေးလာပါတယ်။ မထက်အလင်းပြမယ်လို့ပြောထားတဲ့ကောင်လေးက သူများလားမသိပါဘူးနော်။ ဒါ့ပြင်မထက်ရဲ့ လုံး၀မိုက်နေတဲ့fashionဒီဇိုင်းနဲ့ ဆံပင်အကောက်လေးတွေဟာလည်း လိုက်ဖက်မှုရှိရှိလှနေတာပဲဖြစ်ပါတယ်။


Photo Credit-Hlaing Banyar
Photo Credit-Hlaing Banyar

မထက်ဟာ ကျားကျားကြိုက်ကြိုက်ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးအောင်မြင်ထားတာဖြစ်ပြီး နောက်ထပ်ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေတာပါ။ ပရိတ်သတ်ကြီးရောမထက်ကို အားပေးကြမယ်မလား။အရမ်းroဆန်နေတဲ့ မထက်ရဲ့စုံတွဲပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Hlaing Banyar
Photo Credit-Hlaing Banyar

Source-Ma Htet's Facebook acc

Photo Credit-Hlaing Banyar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။