ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အီဂျစ်နိုင်ငံရဲ့ ရှေးဟောင်းပြတိုက်မှာထားရှိတဲ့ ထူးဆန်းဖွယ် လူရုပ်ထုများအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပအားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit Once A Glance Page

အဲ့ထူးဆန်းသော ရုပ်ထုတွေကတော့ လူခန္ဓာကိုယ်နဲ့ ဖွတ်ခေါင်းကို ပေါင်းစပ်ထုလုပ်ထားတဲ့ ပုံသဏ္ဍာန်မျိုးတွေပဲ ဖြစ်ပါတယ်။ ထိုရုပ်ထုများကို အီရတ်နိုင်ငံတွင် အလွန်ရှေးကျသော ရှေးဟောင်းနယ်မြေတစ်ခုရဲ့ မြေအောက်ထဲမှ တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ရုပ်ထုလေးများဟာ ကလေးများကို ရင်ဝယ်ပိုက်ထားခြင်း၊ ထူးဆန်းသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားခြင်းအစရှိတဲ့ ပုံစံတွေကို ထုလုပ်ထားတာ ဖြစ်ပါတယ်။

photo credit pngtree

ရုပ်တုလေးများရဲ့ ဦးခေါင်းဟာ ရှည်မျောမျော ပုံစံရှိကာ မျက်လုံးကတော့ မက်မွန်သီးပုံစံလို့ ပြောရမှာဖြစ်ပါတယ်။ ရှေးဟောင်းသုတေသန ပညာရှင်များကလည်း အဲ့အရုပ်တွေနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ အဖြေတော့မထုတ်နိုင်သေးပါဘူး။ သူတို့ရဲ့ ခန့်မှန်းချက်တွေအရ ကမ္ဘာပေါ်ရှိ လူသားမျက်နှာနှင့် မတူညီသော ထိုရုပ်ထုများဟာ နတ်ဘုရားများကို ရည်စူး၍ထုလုပ်ခဲ့တာလား ဒါမှမဟုတ် အခြားဂြိုလ်ကမ္ဘာမှ ယဉ်ကျေးမှုကို ရှေးခေတ်လူသားတို့ သိရှိတွေ့မြင်ပြီး ထုလုပ်ခဲ့တာလား...အစရှိသဖြင့် ထင်မြင်ချက်အမျိုးမျိုးဖြင့် လေ့လာမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

source Once A Glance Page 

photo credit Once A Glance Page

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။