မင်းသားချောလေး ကောင်းမြတ်စံ ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အတူ နေရာတစ်ခုကို အခိုင်အမာရပ်တည်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ရယ်လိုက်ရင်လည်း ပါးချိင့်လေးတွေက ထင်ထင်ရှားရှား ပေါ်လွန်းနေတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်ရံမှုကို အပြည့်အဝရရှိထားတဲ့ မင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ကောင်းမြတ်စံကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲ့တွေထဲကနေ ပရိသတ်တွေရဲ့ အသည်းတွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit - Phyo Thet Khaing
Photo Credit - Phyo Thet Khaing

ယခုမှာဆိုရင်လည်း ကောင်းမြတ်စံက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကိုကြွေကျရလောက်မယ့် ခန့်ညားမှုအပြည့် နဲ့ အမိုက်စားဖက်ရှင်ဝတ်စုံလေးကို ဝတ်ဆင်ကာ ခပ်မိုက်မိုက်ပုံစံလေးဖြစ် ဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ ကောင်းမြတ်စံက ဆွဲဆောင်မှုရှိရှိ ပရိသတ်တွေကို ညို့ယူဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်နော်..။ ဒါ့အပြင် ဒီပုံလေးတွေနဲ့အတူ ကောင်းမြတ်စံက " ကိုယ့်ပါးချိုင့်လေးတွေအတွက် ကဗျာတစ်ပိုဒ်လောက် စာဖွဲ့ပေးပါလားကလေးရယ်! " ဆိုပြီး Caption လေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေကို ချစ်သက်ကြွေအောင် ရေးသားဖော်ပြပေးထားပါသေးတယ်။

Photo Credit - Phyo Thet Khaing
Photo Credit - Phyo Thet Khaing

ပရိသတ်ကြီးကလည်း မင်းသားချောလေးကောင်းမြတ်စံ ရဲ့ အမိုက်စား ပုံရိပ်လေးတွေကို အသည်းလေးတွေပေးလိုက်ပါဦးနော်..။ တည်ကြည်ခန့်ညားမှုအပြည့်ရှိတဲ့ ပုံရိပ်လေးတွေကိုလည်း ကောင်းမြတ်စံက ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုရရှိအောင် သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ယခုမှာဆိုရင်တော့ အထာကျကျ ပဲပေးလွန်းနေတဲ့ မင်းသားချောလေး ကောင်းမြတ်စံ ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..။ 

Photo Credit - Phyo Thet Khaing
Photo Credit - Phyo Thet Khaing

Source - Kaung Myat San ’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။