ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းမှုတွေကြောင့် အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး ပရိသတ်တွေအပြင် အနုပညာရှင်အချင်းချင်းတွေကပါ ချစ်ခင်ရသူကတော့ အကယ်ဒမီသရုပ်ဆောင်ပြေတီဦးပဲ ဖြစ်ပါတယ်နော်..။

ပြေတီဦးကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ကြုံရင် ကြုံသလို ရှုတင်အဖွဲ့သားတွေနဲ့ အခြားသရုပ်ဆောင် အနုပညာရှင်တွေကိုလည်း မကြာခဏမုန့်ဖိုးတွေ ပေးပြီး ပျော်တတ်တာကိုလည်း ပရိသတ်တွေ တွေ့မြင်ရမှာပါနော်..။


Photo Credit - Pyay Ti Oo’s Facebook Account
Photo Credit - Pyay Ti Oo’s Facebook Account
Photo Credit - Pyay Ti Oo’s Facebook Account

သူများတွေပျော်နေတာ မြင်နေရရင်ကို ပျော်နေတတ်တဲ့ ဦးတီကတော့ အခုတစ်ခါမှာလည်း ဇာတ်ပို့သရုပ်ဆောင်သီဟရဲ့ မင်္ဂလာပွဲလေးကို အခြားအနုပညာရှင်များနဲ့အတူ တက်ရောက်ခဲ့ပြီး ဖွေးစိန်လေးနဲ့ မမြတ်လေးတို့အပြင် အခြားအနုပညာရှင်တွေကိုလည်း မုန့်ဖိုးတွေပေးရင်း ပျော်နေပြန်ပါတယ်နော်..။

မုန့်ဖိုးတွေရလို့ ပျော်နေကြတဲ့ သူတွေထက် မုန့်ဖိုးတွေ ဝိုင်းတောင်းတာကို ပျော်ပျော်ကြီး ပြုံးရွှင်ကာ မုန့်ဖိုးပေးနေတဲ့ ဦးတီရဲ့ မျက်နှာပေါ်က အပြုံးတွေကတော့ သူ့ရဲ့ရင်ထဲ ပီတိတွေနဲ့ ဘယ်လောက်ပျော်နေလဲဆိုတာ အားလုံးပဲ အတိုင်းသားတွေ့မြင်ကြရမှာပါနော်..။


Photo Credit - Pyay Ti Oo’s Facebook Account
Photo Credit - Aung Min Naing’s Facebook Account
Photo Credit - Aung Min Naing’s Facebook Account
Photo Credit - Pyay Ti Oo’s Facebook Account

ကြည်နူးပျော်ရွှင်စရာကောင်းလွန်းတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း “၁၅ နှစ်လောက် အလုပ်တေ အတူတူလုပ် ကားပေါင်းများစွာအတူတူရိုက်ခဲ့ကြတဲ့ ကိုဇော်အရုဏ်ဦး နဲ့ မသီတာတို့ရဲ့တူမ မှတ်တမ်း မအိ နဲ့ ညီလေး သရုပ်ဆောင် သီဟ တို့ရဲ့ မင်္ဂလာပွဲ ... တသက်တာ ရိုးမြေကျတဲ့အထိ ပေါင်းဖက်ကြပါစေ..

အစစ အရာရာ တိုးတက်ကြီးပွား အဆင်ပြေကြပါစေ...

ကျွန်တော်ချစ်တဲ့ ဇာတ်ပို့ သရုပ်ဆောင်တွေကတော့ ကျွန်တော့်ကိုမြင်တာနဲ့ မုန့်ဖိုးတောင်းရမယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားကြတယ် ထင်ပါတယ်...ခေါင်းဆောင်ကတော့ ဒါရိုက်တာမိပေါက်ပေါ့လေ... ကျွန်တော်ကလဲ ကျွန်တော်ချစ်တဲ့သူတေကို ပေးနေရရင်ကိုပျော်တာဆိုတော့လေ...

ကျွန်တော်တို့တေ နောက်ဆုံးအချိန်ထိ ဒီလူတေနဲ့ အခုလိုပဲ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် နေသွားချင်ပါတယ်...

Love u all...” ဆိုပြီး ပြေတီဦးက ပရိသတ်တွေကိုလည်း မျှဝေထားတာ ဖြစ်ပါတယ်..။

ကဲ.. ချစ်ရတဲ့ ပရိသတ်ကြီးရေ.. အလှူအတန်းရက်ရောပြီး အမြဲပျော်ပျော်နေတတ်တဲ့ ဦးတီတို့ရဲ့ ပျော်စရာ အမှတ်တရလေးတွေကို မျှဝေပေးလိုက်တာမို့ အပျော်လေးတွေ ကူးစက်ကာ သဘောကျနေကြတဲ့ ပရိသတ်တွေကလည်း ဦးတီအတွက် အမှတ်တရစကားလေးတွေ ပြောပေးသွားပါဦးနော်..။

Photo Credit - Pyay Ti Oo’s Facebook Account
Photo Credit - Aung Min Naing’s Facebook Account
Photo Credit - Ei Ei Tone’s Facebook Account

Source & Photo Credit - Pyay Ti Oo’s Facebook Account & Aung Min Naing’s Facebook Account & Ei Ei Tone’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။