ပရိသတ်ကြီးတို့ရဲ့ အသည်းတွေကို ခြွေယူထားကြတဲ့ MRTV-4 မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ ချစ်စရာကောင်းလွန်းပြီး ပွင့်လင်းသူလေးကြောင့် ပရိသတ်တွေ ချစ်ခင်ရသူလေးပဲ ဖြစ်ပါတယ်..။

မိန်းကလေးပရိသတ်တွေအများဆုံးရရှိထားပြီး ယောကျ်ားလေး ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတဲ့ နန်းနန်းကတော့ သူမက Tom Boy တစ်ယောက်မဟုတ်ပေမယ့် မိန်းကလေးတွေကိုတော့ ကြိုက်တယ်ဆိုပြီး ပြောပြလာပါတယ်နော်..။


Photo Credit - ZK Photography
Photo Credit - Nan Sandar Hla Htun's Facebook Account

ပရိသတ်တွေက Tom Boy လို့ စနောက်ကြတဲ့ အပေါ်မှာ ဘာမှမဖြစ်ဘဲ စိတ်မဆိုးသလို သူမ ကိုယ်တိုင်က Tom Boy မဟုတ်ပေမယ့် ချောတဲ့ကောင်လေးတွေတွေ့ရင် ချောတယ်လို့ ပြောသလို လှပြီးချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ကြိုက်ပါတယ်ဆိုပြီး ပြောပြထားတာပါ..။

LGBT တွေနဲ့ မိန်းကလေးအချင်းချင်းကြိုက်ကြတဲ့ အပေါ်မှာလည်း လူတိုင်းက လွတ်လပ်ခွင့်ရှိတာမို့ ဘာမှပြောစရာမရှိသလို တကယ်တမ်း သူမလေ့လာရသလောက် သူတို့ချစ်တာက ပိုပြီးတော့ သစ္စာရှိပြီး ပိုပြီး ချစ်တတ်တယ်လို့ ခံစားရတယ်ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။


Photo Credit - Nan Sandar Hla Htun's Facebook Account
Photo Credit - Nan Sandar Hla Htun's Facebook Account

နန်းနန်းလေးကတော့ ဆံပင်ပုံစံလေးပြောင်းလိုက်ပြီး လိုက်ဖက်တဲ့ ဖက်ရှင်လေးတွေ ဝတ်ဖြစ်တာကလည်း အမြဲတမ်း ဒီပုံစံပဲဆိုတော့ ဆံပင်ပုံစံလေး ချိန်းကြည့်ချင်တာနဲ့ သီလရှင်ဝတ်ထားတော့ ဆံပင်အတိုပုံစံလေးနဲ့ လိုက်တာလေးတွေကို ဝတ်ဖြစ်တာပါဆိုပြီးတော့ လတ်တလော ဖက်ရှင်လေးနဲ့ ပတ်သက်ပြီး ပြောပြထားတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ချစ်စရာကောင်းသလို စကားပြောလေးလည်း ပွင့်လင်းတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nan Sandar Hla Htun's Facebook Account
Photo Credit - Nan Sandar Hla Htun's Facebook Account

Photo Credit - Nan Sandar Hla Htun's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။