အောင်ရဲလင်းလို့ပြောလိုက်ရင် ဘာကိုပြေးမြင်ကြလဲဟင်..တောင့်တင်းတဲ့စတိုင်နဲ့ ခပ်မှေးမှေးအကြည့်က ပျိုမေတစ်သိုက် ရင်ခုန်လောက်ပါရဲ့…။ အနု၊အရွ၊အကြမ်း၊ဟာသ သရုပ်ဆောင်ဇာတ်ရုပ်မျိုးစုံနဲ့အောင်ရဲလင်းကို ပရိသတ်က ချစ်ခင်အားပေးလျှက်ရှိသလို ပရိသတ်အတွက်လည်း အောင်ရဲလင်းက ကောင်းပေ့ဇာတ်ကားတွေနဲ့ပဲ ဖျော်ဖြေနေတာ သတိထားမိပါတယ်။မကြာခင်မှာလည်း “ဝိညာဉ်ကကြိုး(ရွှေမှုံရတီ သင်ဇာဝင့်ကျော်)” ဇာတ်ကားကြည့်ရတော့မှာနော်..အခုတစ်ဖန်မှာတော့ အောင်ရဲလင်းပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို တင်ဆက်ပေးလိုက်ပါတယ်။

1 ဝိညာဉ်ကကြိုး(ရွှေမှုံရတီ သင်ဇာဝင့်ကျော်)

2 ဘိုင်းဘိုင်းကောင်းဘွိုင်(ခင်ဝင့်ဝါ)

3 မှားတဲ့ဘက်ကနေကြည့်ပါ(သက်မွန်မြင့်)

4 မတစ်ထောင်တစ်ကောင်ဘွား (ခိုင်သင်းကြည် သင်ဇာဝင့်ကျော်)

5 မောင့်ကိုဘယ်တော့မှမမုန်းဘူး (သင်ဇာဝင့်ကျော်)

6 ပိုက်ဆံ (သင်ဇာဝင့်ကျော်)

7 ရှယ်ချွေးမ(ထက်ထက်မိုးဦး ခင်ဝင့်ဝါ)

8 Crush (ရွှေမှုံရတီ)

9 ငယ်ကျွန်(ရွှေမှုံရတီ)

10 အလွမ်း၆၀ တစ်နာရီ(မိုးဟေကို အေးမြတ်သူ) 

11 အဝေးချစ်(သက်မွန်မြင့်)

12 အာဝါဟ ဝိဝါဟ(သက်မွန်မြင့် အေးမြတ်သူ)

13 အချစ်နဲ့ထိရင်ကြွေ(အိချောပို ရတနာဗို)

14 တစ်နေ့ရွှေ တစ်နေ့ငွေ(အိန္ဒြာကျော်ဇင်)

15 အချိုဆုံးအချစ် အပြင်းဆုံးအဆိပ်(အိန္ဒြာကျော်ဇင် ပတ်ထရစ်ရှာ )

16 ကောင်းကင်တစ်ခုအလိုရှိသည်(အိချောပို ပတ်ထရစ်ရှာ)

17 အနမ်းဝိုင် (ဝတ်မှုံရွှေရည်)

18 အစိမ်းဆူးကြားက နှင်းဆီတစ်ပွင့်(ရွှေမှုံရတီ)

19 ဘိုမ (ပတ်ထရစ်ရှာ)

20 ဥုံဖွ (ခိုင်သင်းကြည်)

21 Spa (ဆုမြတ်နိုးဦး) တို့ပဲဖြစ်ပါတယ်။ 

ကဲချစ်ပရိသတ်ကြီးရေ…ဘယ်ဇာတ်ကားအတွက်ရင်ခုန်နေလဲ..

ဒီနှစ်အကယ်ဒမီဆုအတွက်လည်း အောင်ရဲလင်း အတွက်ရင်ခုန်စရာနှစ်ဖြစ်မလားဆိုတာကတော့ ရင်ခုန်မိတယ်လေ။ အချိုဆုံးအချစ် အပြင်းဆုံးအဆိပ်၊အနမ်းဝိုင်၊ Spa နဲ့ အစိမ်းဆူးကြားက နှင်းဆီတစ်ပွင့် ဇာတ်ကားတွေကတော့ ပရိသတ်တွေ ရင်ခုန်မျှော်လင့်စွာစောင့်နေမိတဲ့ ဇာတ်ကားကောင်းတွေပါ။

Source:မြန်မာ့အနုပညာ

Photo:အောင်ရဲလင်းဖေ့စ်ဘွတ်

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။