romanticဆန်ဆန်နဲ့ ချစ်စရာကောင်းလှတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့စုံတွဲလေးကို ပရိတ်သတ်‌တွေအားလုံးသိကြမယ်ထင်ပါတယ်။သူတို့နှစ်ဦးဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာလည်း အောင်မြင်မှုကိုယ်စီ ရရှိထားကြတဲ့သူတွေလည်းဖြစ်ပါတယ်။ အာဘွိုင်းဟာ ချစ်ဇနီးလေးမြတ်ရတနာကျော်ရဲ့ လိုအပ်ချက်တွေကိုအမြဲအရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းပေးတတ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူးနော်။


Photo Credit-Ye Min Ko
Photo Credit-Ye Min Ko

အာဘွိုင်းဟာမကြာသေးမီက သူ့ရဲ့facebookစာမျက်နှာတွင် "ရည်းစားဘဝတုန်းက ပထမဆုံးဖြတ်သန်းခဲ့ဖူးတဲ့ Valentines Day မှာ သူမကိုယ်တိုင် လုပ်ထားတဲ့ Chocolate လေးစားခဲ့ရတယ်ဒီနေ့ အိမ်ထောင်သည်ဘဝကို နှစ်ယောက်အတူဖြတ်သန်းချိန်မှာလည်း သူမကိုယ်တိုင် လုပ်ပေးထားတဲ့ Chocolate လေးနဲ့ပဲ သိပ်ချစ်ဖို့ကောင်းတဲ့ မိန်းမHappy Valentines Day ဆောရီးပါ မနက်ကတည်းက ရုံးမှာ အစည်းအဝေးနဲ့ အလုပ်တွေရှုပ်နေလို့ ဒီနေ့ ဘာမှ မစီစဉ်ပေးနိုင်တာ နားလည်ပေးပါ"ဆိုပြီးရေးသားထားပါတယ်။


Photo Credit-Ye Min Ko
Photo Credit-Kyaw Phyo Tun's Facebook acc

အာဘွိုင်းတို့ဇနီးမောင်နှံဟာလတ်တလောတွင်မိသားစုကိုအချိန်ပေးကာပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။ကြည်နူးစရာကောင်းလှတဲ့သူတို့မိသားစုလေးကိုပရိတ်သတ်ကြီးချစ်ကြတယ်မလား။ ချစ်ဇနီးလေးလုပ်ပေးထားတဲ့ ချောကလက်လေးစားရလို့ပျော်နေတဲ့ အာဘွိုင်းရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Kyaw Phyo Tun's Facebook acc
Photo Credit-Ye Min Ko

Source-Kyaw Phyo Tun's Facebook acc

Photo Credit-Kyaw Phyo Tun's Facebook acc/Ye Min Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။