ပရိသတ်တွေ အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်ဆယ်လီတွေရဲ့ မျိုးဆက်သစ် ရင်သွေးလေးတွေထဲမှာ ပြည်သူ့အသည်းကျော် ဝါရင့်သရုပ်ဆောင် အကယ်ဒမီခိုင်သင်းကြည်ရဲ့ သမီးချောလေး စံထိပ်ထားဦးကလည်း အပါအဝင်ပါပဲနော်..။

မခိုင်လေးရဲ့ သမီးချောလေး ထိပ်ထိပ်လေးကတော့ အမေတူသမီးလေးဖြစ်ကာ အနုပညာဝါကို ဝါသနာပါပြီး ချစ်စရာကောင်းသလို စကားပြောပွင့်လင်းတာကြောင့်လည်း ပရိသတ်တွေကလည်း အမြဲချစ်ခင် အားပေးနေကြတာပါနော်..။


Photo Credit - Amazing Grace
Photo Credit - Oak Kar Lay
Photo Credit - San Htate Htar Oo's Facebook Account

ထိပ်ထားလေးကတော့ လတ်တလောမှာ ပညာရေးဘက်ကို အဓိကထား ဦးစားပေးလုပ်ဆောင်နေပြီး အနုပညာပိုင်းမှာတော့ သရုပ်ဆောင်ရော အဆိုပိုင်းကိုရော ဝါသနာပါသလို လာကမ်းလှမ်းရင်တော့ လုပ်ဖို့ရှိတယ်ဆိုပြီး ပြောပြလာပါတယ်..။

Cover Song တွေလည်း လုပ်ဖို့ရှိသလို အားတဲ့အချိန်လေးတွေမှာ သွင်းပြီးတော့ ပရိသတ်တွေကို Share လုပ်ပေးမှာဖြစ်ပြီး အင်္ဂလိပ်သီချင်းတွေကို Cover Song ဆိုဖြစ်တဲ့အပေါ်မှာလည်း သူမကိုယ်တိုင်က အင်္ဂလိပ်သီချင်းတွေကို အများဆုံးနားထောင်ဖြစ်တာမို့ ပိုပြီးနားရည်ဝတာကို ဆိုတာပါဆိုပြီး ထိပ်ထားလေးက ပြောပြထားပါတယ်နော်..။


Photo Credit - San Htate Htar Oo's Facebook Account
Photo Credit - Oak Kar Lay
Photo Credit - Oak Kar Lay

အခုနောက်ပိုင်းမှာတော့ မြန်မာသီချင်းတွေကိုလည်း နားထောင်ဖြစ်နေပြီး ပညာရေးပိုင်းကတော့ အောက်တိုဘာဖြစ်ဖြစ် ဇန်နဝါရီဖြစ်ဖြစ် စင်္ကာပူကို သွားဖြစ်ကာ သရုပ်ဆောင်လည်း ဝါသနာပါတယ် အဆိုပိုင်းလည်း ဝါသနာပါကာ အမေ့ကို အကယ်ဒမီ ရစေချင်တယ် အရမ်းရင်ခုန်တယ် ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။

ကဲ.. ဒီကနေ့လေးမှာတော့ ပရိသတ်အချစ်တော် ထိပ်ထားလေး ပြောပြထားတဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - San Htate Htar Oo's Facebook Account
Photo Credit - San Htate Htar Oo's Facebook Account
Photo Credit - Oak Kar Lay

Photo Credit - San Htate Htar Oo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။