၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၆)အဖြင့် ရခိုင်ယူနိုက်တက်အသင်း နှင့် မကွေးအသင်းတို့ ဖေဖော်ဝါရီ ၁၅ ရက်၊ ညနေ သုံးနာရီခွဲ၊ ဝေသာလီကွင်းမှာ ကစားမှာလည်းဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ တိပ်တိုက်တွေ့ဆုံးမှုတွေကတော့ ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲဖြစ်လာမှာသေချာပါတယ်။ရခိုင်ယူနိုက်တက်အသင်းကတော့ ရမှတ် ၁၀ မှတ် အဆင့် ၄ နေရာမှာရပ်တည်နေပြီး မကွေးအသင်းကတော့ ရမှတ် ၅ မှတ် အဆင့် ၈ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page

ဒီပွဲစဉ်ဟာဆိုရင် ရခိုင်ယူနိုက်တက်အသင်း ရဲ့ ပွဲစဉ် ၄ ပွဲမြောက် ဖြစ်ပြီ ပြီးခဲ့တဲ့တစ်ပတ်မှာ နိုင်ပွဲ ရပ်တန့်သွားတဲ့ ရခိုင်ယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲ ပြန်လည်ရရှိအောင် ကြိုးစားမှာ ဖြစ်သလို မကွေးအသင်းကလဲ ဒီပွဲမှာ အမှတ်ရရှိဖို့ ကြိုးစားမှာဖြစ်ပါတယ်။ရခိုင်ယူနိုက်တက်အသင်းကတော့ မကွေးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားမှာဖြစ်တာကြောင့် ရခိုင်ယူနိုက်တက်အသင်း ရဲ့ အားသာချက်ရှိတယ်ဆိုရင်လည်းမမှားပါဘူးနော်...။

Photo Credit - Myanmar National League Facebook page

မကွေးအသင်းကတော့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဟံသာဝတီယူနိုက်တက်အသင်း နဲ့ပွဲစဉ်မှာလည်း (၃-ဝ) ဂိုးဖြင့် ရှုံးနိမ့်ထားတာဖြစ်ပြီး ရခိုင်ယူနိုက်တက်အသင်းကတော့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ISPE အသင်းနဲ့ ပွဲစဉ်မှာလည်း (၂-ဝ) ဂိုးဖြင့် အနိုင်ရရှိထားကိုတွေရပါတယ်။ သူတို့နှစ်သင်း ရဲ့ အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေကလည်း ပွဲကောင်းတစ်ပွဲဖြစ်လာမှာအတွက်ကြောင့် ပရိသတ်ကြီးရေ စောင့်မျှော်ကြည့်ရှုပေးပါဦးနော်

Photo Credit - Myanmar National League Facebook page Source - Myanmar National League Facebook page

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။