မြန်မာ-ဂျပန် နည်းပြသင်တန်း ၁/၂၀၂၀ ကို ယနေ့မနက်က သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင်ကျင်းပခဲ့ပါတယ်။ အဆိုပါသင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် (နည်းပြကော်မတီ)ဦးတင်မြင့်အောင်၊သင်တန်းဆရာ ယိုရှီယို ကီကူဂါဝါ ၊ ကန်နီချီ ယက်ဆူဟာရှီ (ခ) ကန်နီ နှင့် မြန်မာနေရှင်လိဂ်ကလပ် အသီးသီးမှသင်တန်းသားများတက်ရောက်ခဲ့ပါတယ်။

photo credit : Myanmar National League 's facebook page
photo credit : Myanmar National League 's facebook page

သင်တန်းဆရာများအဖြစ် ဂျပန်နိုင်ငံမှ ယိုရှီယို ကီကူဂါဝါ နှင့် ကန်နီချီ ယက်ဆူဟာရှီ (ခ) ကန်နီ တို့မှသင်ကြားပေးပြီး သင်တန်းသားများအဖြစ် မြန်မာနေရှင်လိဂ် ကလပ်များမှ မန်နေဂျာ၊နည်းပြချုပ်နှင့်လက်ထောက်နည်းပြ (၂၀)ဦးတို့တက်ရောက်ခဲ့ပါတယ် ။အသက် ၇၅ နှစ်အရွယ်ရှိ ယိုရှီယို ကီကူဂါဝါ (Yoshio Kikugawa)ဟာ ဂျပန်လူမျိုး ဝါရင့် ဘောလုံးနည်းပြ တစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံတွင် အဆင့်အမြင့်ဆုံး နည်းပြလိုင်စင်ဖြစ်သည့် 'S' လိုင်စင် ကိုင်ဆောင်ဖူးသည့်နည်းပြသင်တန်းဆရာဟောင်း (Coaching Instructor) တစ်ဦး ဖြစ်ပါတယ် ။ ကီကူဂါဝါသည ၁၉၆၉ ခုနှစ်မှ ၁၉၇၁ခုနှစ်ကြား ကာလများတွင်လည်း ဂျပန်လက်ရွေးစင် အသင်းကို ကိုယ်စားပြုခဲ့ဖူးသူ ဖြစ်သည်။

photo credit : Myanmar National League 's facebook page
photo credit : Myanmar National League 's facebook page

ကန်နီချီ ယက်ဆူဟာရှီ (ခ) ကန်နီ (Kenichi Yatsuhashi (aka) Keny)ဟာ အမေရိကန် အခြေစိုက် ဂျပန်လူမျိုး ဘောလုံးနည်းပြ တစ်ဦးဖြစ်ပြီး AFC Pro လိုင်စင်၊ အမေရိကန် ဘောလုံးအဖွဲ့ချုပ် 'A' လိုင်စင်၊ ကွန်ကာကက်ဖ် နိုင်ငံတကာ နည်းပြလိုင်စင်အစရှိသည့် နည်းပြလိုင်စင်များ ကိုင်ဆောင်ထားသည့် နည်းပြတစ်ဦး ဖြစ်ပါတယ် ။ကန်နီဟာ လူငယ်ဖွံ့ဖြိုးရေးတွင် အတွေ့အကြုံရင့် နည်းပြတစ်ဦးဖြစ်ပြီး ကာဂျစ်စတန် ဘောလုံးအဖွဲ့ချုပ်တွင် နည်းစနစ် ဒါရိုက်တာအဖြစ် ၂၀၁၂ မှ ၂၀၁၄ အထိ တာဝန်ယူခဲ့ကာ ကာဂျစ် ယူ−၁၆ အသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။ အာဖရိကနှင့် အာရှရှိ ကလပ်အသင်းများ တွင်လည်းနည်းပြအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့ဖူးသည့် အတွေ့အကြုံရင့် နည်းပြတစ်ဦး ဖြစ်ကာ လက်ရှိတွင် ဂါနာ ပရော်ဖက်ရှင်နယ် ကလပ် အင်တာအလိုင်း အသင်းကို နည်းပြချုပ်အဖြစ် ကိုင်တွယ်နေသူ ဖြစ်ပါတယ်။

source: Myanmar National League 's facebook page

photo credit : Myanmar National League 's facebook page
photo credit : Myanmar National League 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။