ချစ်ပရိသတ်ကြီးရေ ဆယ်ကျော်သက်ကောင်မလေးတွေ အသည်းစွဲ မင်းသားချောလေး တိုင်ရွန်ကတော့ သူ့ရဲ့ အေးချမ်းပြီး ယောကျာ်းဆန်တဲ့ အပြုံးလေးတွေရယ် ဂေါ်လွန်းတဲ့ တက်တူးတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်သူဖြစ်ပါတယ်။ မိန်းကလေး ပရိသတ်တွေ အများဆုံး အားပေးမှုရရှိထားသူ ဖြစ်သလို တကယ့်ကို ဖော်ရွေ့ပြီး ရည်မွန်တဲ့ တိုင်ရွန်ကို အနုပညာရှင် အချင်းချင်း လည်း ချစ်ခင်ခြင်းကို ခံရသူဖြစ်ပါတယ်။

Photo Credit : Aung Kyaw Tun
Photo Credit : Aung Kyaw Tun

တိုင်ရွန်ကတော့ ပရိသတ်တွေကို အမိုက်စားပုံစံတွေနဲ့ ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။တိုင်ရွန်ကတော့ Gym လည်းအမြဲပုံမှန် ကစားတာကြောင်တောင့်တင်းသန်မာတဲ့ Body မျိုးနဲ့ စတိုင်ကျတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။သူကတော့ နောက်ပိုင်းမှာ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေရိုက်ကူးနေပြီးဖော်ရွေဖြူစင်တဲ့ အပြုံးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုမိုပိုင်ဆိုင်ရရှိထားတာလည်းဖြစ်ပါတယ်။

Photo Credit : Aung Kyaw Tun
Photo Credit : Aung Kyaw Tun

လတ်တလောမှာလည်း ဆွဲဆောင်မှုရှိလွန်းတဲ့ အကြည့်တွေနဲ့ အမိုက်စားပုံရိပ်လေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် တိုင်ရွန်ရဲ့ အထာကျကျ အမိုက်စား ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း တိုင်ရွန်ရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။ဒီထက်မက အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo Credit : Aung Kyaw Tun
Photo Credit : Aung Kyaw Tun

Source : Tyron Bejay Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။