ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားကြတဲ့ ဆယ်လီစုံတွဲလေးကတော့ အားလုံးရဲ့ အချစ်တော်စုံတွဲလေးဖြစ်တဲ့ အဆိုတော်လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲလေးပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းပြီး လိုက်ဖက်ညီလွန်းလို့ ပရိသတ်တွေရဲ့ သဘောကျချစ်ခင်မှုတွေကို ရရှိထားသလို အမိုက်စားသီချင်းစာသားတွေနဲ့လည်း ပရိသတ်တွေရဲ့ရင်ထဲနေရာယူထားကြသူလေးတွေပါပဲ..။

Photo Credit - Hlwan Paing's Facebook Account
Photo Credit - Hlwan Paing's Facebook Account
Photo Credit - Hlwan Paing's Facebook Account

ပရိသတ်တွေရဲ့ အသည်းကျော် သူတို့စုံတွဲလေးကတော့ ရိုမန်တစ်ဆန်တဲ့ကြည်နူးစရာ စုံတွဲပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိသလို ဒီကနေ့ ချစ်သူများနေ့လေးမှာလည်း စုံတွဲပုံလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါတယ်နော်..။

နှစ်ယောက်သား လိုက်ဖက်ညီညီ ဓာတ်ဖမ်းထားတဲ့ ခပ်မိုက်မိုက်ပုံရိပ်လေးတွေကို မျှဝေထားတာဖြစ်ပြီး သဘောကျစရာစကားလေးလည်း ဆိုထားပါသေးတယ်နော်..။

Photo Credit - Hlwan Paing's Facebook Account
Photo Credit - Hlwan Paing's Facebook Account
Photo Credit - Hlwan Paing's Facebook Account

လွှမ်းပိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ"မင်းရဲ့ကိုယ်ရံတော်တပ်မှူးလေး.." ဆိုပြီး နှစ်ယောက်သားလိုက်ဖက်ညီလွန်းတဲ့ စုံတွဲပုံလေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းလွန်းတဲ့ ပရိသတ်အသည်းကျော်ဆယ်လီစုံတွဲလေးရဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်း မျှဝေတင်ဆက်ပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားကြပါဦးနော်..။

Photo Credit - Hlwan Paing's Facebook Account
Photo Credit - Hlwan Paing's Facebook Account

Source & Photo Credit - Hlwan Paing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။