ပရိသတ်တွေရဲ့ အသည်းတွေကို နေ့စဉ်ခြွေယူနေတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ ခေးလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ယွန်းဝတီလွင်မိုးကလည်း အပါအဝင်ပါပဲ..။

ပြည်သူပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားတဲ့ ခေးလေးကတော့ ချစ်စရာကောင်းလွန်းတဲ့ သားသားလေး Liam လေးကိုလည်း ပိုင်ဆိုင်ထားပြီး ကြည်နူးစရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။

Photo Credit - Ye Min Ko
Photo Credit - Ye Min Ko

ခေးလေးယွန်းကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်လာပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးတော့မှာမို့ ပရိသတ်တွေကလည်း တကယ်ကို သဘောကျနေကြပါတယ်နော်..။

"ရွှေဖူးစာ"ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖွေးဖွေး၊ ပိုင်တံခွန်၊ ကောင်းမြတ်စံတို့နဲ့အတူ ရိုက်ကူးသရုပ်ဆောင်မှာ ဖြစ်ပြီး ဒီကနေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲ အခမ်းအနားလေးမှာလည်း မြန်မာဆန်ဆန်လေး လှနေလွန်းပြန်ပါတယ်နော်..။

Photo Credit - Ye Min Ko
Photo Credit - Ye Min Ko

မြန်မာဆန်ဆန်လေးနဲ့ ကျက်သရေရှိစွာ အေးအေးချမ်းချမ်းလေး လှရက်လွန်းနေတဲ့ ခေးလေးရဲ့ ပုံရိပ်လေးတွေကတော့ မြင်သူပရိသတ်တွေကို ကြည်နူးအချစ်ပိုစေပါတယ်နော်..။

"ဒီနေ့မြန်မာဝတ်စုံလေးနဲ့.." ဆိုပြီး သူမရဲ့အေးချမ်းတဲ့အလှပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေကို ခေးလေး ယွန်းဝတီလွင်မိုးက မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Ye Min Ko
Photo Credit - Ye Min Ko

Source - Yun Waddy Lwin Moe's Facebook Account

Photo Credit - Ye Min Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။