ပရိသတ်ကြီးရေ MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆) အဖြစ် ချင်းယူနိုက်တက်အသင်း နှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ကတော့ ယနေ့ညနေ မှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစား ရမှာလည်းဖြစ်ပါတယ်။ရခိုင်မြေမှာ ချင်းယူနိုက်တက်အသင်းသားတွေ အပြည့်အ၀ ပျော်ပိုက်ခွင့် မရခဲ့ပေမယ့် အဖိုးတန်သရေတစ်မှတ်ကိုတော့ သယ်ဆောင်လာနိုင်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page

ပွဲစဉ်(၅)မှာ ခက်ခဲသော ပွဲစဉ်တစ်ပွဲကို ရင်ဆိုင်ခဲ့ရအပြီးမှာ နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ သုဝဏ္ဏကွင်းမှာ ဆက်လက်ယှဉ်ပြိုင်သွားရမှာပါ။ ဧရာဝတီယူနိုက်တက်အသင်းက အိမ်ကွင်းပွဲစဉ်တွေ ဆက်တိုက်ယှဉ်ပြိုင်နေရအပြီးမှာ အဝေးကွင်းပွဲစဉ်အဖြစ် ပထမဆုံး လာရောက်ကစားရတာ ဖြစ်ပြီး ရလဒ်ကောင်းတွေလည်း ရယူထားနိုင်တာ တွေ့ရပါတယ်။

Photo Credit - Myanmar National League Facebook page

ဒီပွဲစဉ်ကို My Sports အပြင် MRTV ကနေလည်း တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပြီး ဘယ်အသင်း အသာရရှိသွားမလဲဆိုတာ ကျွန်တော်တို့အတူ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ပွဲစဉ် ကောင်းတစ်ပွဲဖြစ်တဲ့ ဧရာဝတီယူနိုက်တက်အသင်း နှင့် ချင်းယူနိုက်တက်အသင်း တို့ရဲ့ပွဲစဉ်ကိုလာရောက်အားပေးကြပါဦးနော်..။

Photo Credit - Myanmar National League Facebook page

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။