အစားတစ်လိုင်း ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အရသာလည်းရှိ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အစိမ်းရောင် ငါးဟင်းချက်ပြုတ်ပုံ၊ ချက်ပြုတ်နည်းကို ဗီဒီယိုဖိုင်လေးနဲ့တကွ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ MLTV ရဲ့ ပင်တိုင်စားဖိုမှူးလေးဖြစ်တဲ့ "Master Chef Myanmar Season 1ရဲ့ top 3 ပြိုင်ပွဲဝင်" မနီလာအောင်ဝင်းကနေ ချက်ပြုတ်ပြသပေးသွားမှာ ဖြစ်ပါတယ်။

Photo by MLTV

ပထမဦးဆုံးအနေနဲ့ blender ထဲကို ငရုပ်ပွ၊ ခရမ်းချဉ်သီးအစိမ်း၊ ငရုပ်သီးစိမ်း၊ ကြက်သွန်မြိတ်၊ နံနံပင်၊ နံနံစေ့၊ ဇီရာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆားအနည်းငယ်၊ ဆီတို့ကိုထည့်ပြီး ကြိတ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ ချက်မယ့်ငါးစိမ်းကို ငါးငံပြာရည်၊ ငရုပ်ကောင်း၊ ဟင်းမွှေးမဆလာတို့ထည့်ပြီး ဒယ်အိုးထဲမှာ ကော်မှုန့်ကပ်ပြီး ကြော်ရမှာ ဖြစ်ပါတယ်။

Photo by MLTV

နောက်တစ်ဆင့်အနေနဲ့ blenderဖြင့်ကြိတ်ထားသော အရာများကို ဒဲအိုးထဲသို့ ထည့်ပါ။ အနည်းငယ် အပူပေးပြီးတဲ့အခါမှာတော့ ခုနက ငါးကြော်အိုးထဲကို ထည့်ပြီး တစ်ခါ ထပ်ချက်ရမှာဖြစ်ပါတယ်။ ထိုချက်တဲ့နေရာမှာ ကရဝေးရွက်၊ နို့စိမ်း၊ မန်းကျည်းရည်၊ သကြားထည့်ပြီး ချက်ပြုတ်လိုက်မယ်ဆိုရင်တော့ အနံ့အရသာ ပြီးပြည့်စုံတဲ့ အစိမ်းရောင် ငါးဟင်းကို သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Photo by MLTV

Photo by MLTV
Photo by MLTV
Photo by MLTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။