ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ အံ့မခန်း ဗိသုကာလက်ရာ အဆောက်အအုံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Chapel of Holy Cross" အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သား သိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ အာရီဇိုနားပြည်နယ်၊ ဆီဒိုနာရှိ အနီရောင်ကျောက်သားမျှော်စင်ကြီး နှစ်ခုအကြားမှာ ခမ်းနားစွာ တည်ဆောက်ထားတဲ့ ဝတ်ပြုစင်ကြီးပဲဖြစ်ပါတယ်။

photo credit Wikipedia

ထိုကြီးကျယ်ခမ်းနားသော ဝတ်ပြုစင်ကြီးကို ၁၉၅၆ ခုနှစ်တွင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ကက်သလစ် ဘာသာဝင်တို့ရဲ့ မြင့်မြတ်သော လက်ဝါးကပ်တိုင် ဝတ်ပြုစင်ကြီးဟာ ပြိုင်စံရှားတဲ့ ဗိသုကာ ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ အဆောက်အအုံပုံစံကို စိတ်ကူးစိတ်သန်းကောင်းလှတဲ့ ဗိသုကာ ပညာရှင် မာဂွာရိုက် ဘရူဆွစ်စတောက် ဟာ ၁၉၃၂ ခုနှစ်တွင် နယူးယောက်သို့ သွားရောက်လည်ပတ်ရာမှ idea ရရှိခဲ့တာ ဖြစ်ပါတယ်။

photo credit Wikipedia

အဲ့ဒီအချိန်အခါတုန်းက အသစ် တည်ဆောက်နေသော အင်ပါရာ အဆောက်အဦးကို ထောင့်ချိုးတစ်ခုမှ ကြည့်ရာတွင် လက်ဝါးကပ်တိုင်တစ်ခုကို မြင်နိုင်ပုံအား သတိပြုမိခဲ့တာ ဖြစ်ပါတယ်။သူမဟာ ထိုအချိန်မှစ၍ ထိုဒီဇိုင်းကို အခြေခံသော ဘုရားရှိခိုး ကျောင်းတစ်ခုကို တည်ဆောက်ရန် စိတ်ကူးခဲ့ပါတယ်။ စတောက်ဟာ ဥရောပ နှင့် အမေရိကန်နိုင်ငံအနှံ့ လိုက်လံပြီး လေ့လာမှုပြုခဲ့ကာ အမေရိကန်နိုင်ငံ ဆီဒိုနာတွင် ဆန်းပြားသော ဝတ်ပြုစင်ကြီးကို အကောင်အထည်ဖော်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit Wikipedia 

photo credit Wikipedia
photo credit Wikipedia

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။