ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ ရှေးဟောင်းအီဂျစ်ခေတ်တုန်းက တည်ဆောက်ခဲ့သော ဂီဇာ ပိရမစ်များအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံရဲ့ လက်ရှိမြို့တော်ဖြစ်သော ကိုင်ရိုမြို့၏ အနောက်တောင်ဘက် ဆင်ခြေဖုံးဒေသဝန်းကျင် ဂီဇာဟာ ထင်ရှားသော အီဂျစ် ရှေးဟောင်း အဆောက်အဦများ စုစည်း တည်ရှိနေတဲ့ နေရာပဲ ဖြစ်ပါတယ်။

photo credit pngtree

ဂီဇာရှိ ပိရမစ်များအား မျိုးဆက် သုံးဆက်ကျော် တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါတယ်။ ခူဖူရဲ့သား ခါဖရီ နှင့် မန်ကော်ရီတို့၏ လက်ထက် များတွင် ပိရမစ်များကို တည်ဆောက်ခဲ့သဖြင့် မျိုးဆက် သုံးဆက်ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။ ခူဖူ ဆောက်ခဲ့သည့် ပစ်ရမစ်သည် သက်တမ်း အရှည် ဆုံးဖြစ် ပြီးရှေးဟောင်း ကမ္ဘာ့ အံ့ဖွယ် ခုနစ်သွယ် စာရင်း ဝင်ခဲ့သည်။ ခူဖူ ပစ်ရမစ် တည်ဆောက်ရာတွင် ကျောက်တုံးပေါင်း နှစ်သန်းကျော် အသုံးပြုခဲ့ပါတယ်။ အနှစ် နှစ်ဆယ် တည်ဆောက်ခဲ့ရကာ ဘီစီ ၂၅၆၀ ခုနှစ်တွင် ပြီးစီးခဲ့ပါတယ်။

photo credit pngtree

ပိရမစ်ကြီးဟာ အံ့ဖွယ်ကောင်းလောက်အောင် ၁၃၉ မီတာ ( ၄၅၆ ပေ) အထိမြင့်မားပါတယ်။ အီဂျစ်တွင်ရှိတဲ့ ပိရမစ်များအနက် အကြီးမားဆုံးဖြစ်ပါတယ်။ အနီးရှိ ခါဖရီရဲ့ ပိရမစ်က ကုန်းမြင့်ပေါ် တွင် တည်ဆာက်ထားသဖြင့် ခူဖူ ပိရမစ်ထက် ပိုကြီးတယ်လို့ ထင်ရသော်လည်း ခူဖူလောက်တော့ မကြီးမားပါဘူး။ မြေထဲပင်လယ်ဒေသဖြစ်တဲ့ အီဂျစ်နိုင်ငံဟာ ရှေးဟောင်းပိရမစ်များ၊ အဆောက်အဦဟောင်းများ၊ ယဉ်ကျေးမှု နေရာဟောင်းများအား ကမ္ဘာအနှံ့မှ ခရီးသွားများ အမြဲသွားရောက် ကြည့်ရှုလေ့လာကြတဲ့ နေရာတစ်ခုဖြစ်တာနဲ့အညီ ရှေးဟောင်းအမွေ အနှစ်များကို ကာလရှည်ကြာစွာ ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေများစွာ ရရှိနေတာ ဖြစ်ပါတယ်။ 

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။