မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိပိုင်ဆိုင်လာခဲ့တာက နှစ်အတော်ကြာအောင် ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က သရုပ်ဆောင်ကောင်းသလို အနုပညာအရည်အချင်းအပြည့်ရှိတာကြောင့်လည်း ဇာတ်ကားတွေရိုက်ကူးပြီး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာက ဆွဲဆောင်မှုရှိတဲ့ကောက်ကြောင်းအလှပိုင်ရှင်လေးဖြစ်တာကြောင့် ပုရိသတွေရဲ့သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းခံနေရတာလည်း ဖြစ်ပါတယ်။

Photo Credit- Nay Min Tun (Amazing Grace)
Photo Credit- Nay Min Tun (Amazing Grace)
Photo Credit- Nay Min Tun (Amazing Grace)

လတ်တလောမှာတော့ သင်ဇာက '' မြမြ'' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတာ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေလည်း ဆက်တိုက်တက်ရောက်နေရတဲ့ သင်ဇာက ပြီးခဲ့တဲ့ရက်ကကျင်းပပြုလုပ်ခဲ့တဲ့ မာရသွန်ပြေးပွဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။သင်ဇာက မာရသွန်ပွဲမှာ သူမကိုယ်တိုင် ဝင်ရောက်ပါဝင်ခဲ့သလို ဆုရရှိသွားတဲ့သူတွေကိုလည်း ဆုချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Nay Min Tun (Amazing Grace)
Photo Credit- Nay Min Tun (Amazing Grace)
Photo Credit- Nay Min Tun (Amazing Grace)

သင်ဇာဝင့်ကျော်က မာရသွန်ပွဲက အမှတ်တရပုံရိပ်တွေကို ''SME Development Bank 24th year anniversary marathon Congratulations '' ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကျစ်လစ်လှပတဲ့ကိုယ်လုံးအလှပိုင်ရှင်လေး သင်ဇာကတော့ လူငယ်ဆန်ဆန်စတိုင်လေးနဲ့ လွတ်လပ်ပေါ့ပါးပြီး အရမ်းလှနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့အမိုက်စားပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Thinzar Wint Kyaw's FB Acc & Nay Min Tun (Amazing Grace)

Photo Credit- Nay Min Tun (Amazing Grace)
Photo Credit- Nay Min Tun (Amazing Grace)
Photo Credit- Nay Min Tun (Amazing Grace)
Photo Credit- Nay Min Tun (Amazing Grace)
Photo Credit- Nay Min Tun (Amazing Grace)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။