ပရိသတ်အချစ်တော် အနုပညာရှင်တွေဖြစ်ကြတဲ့ မေမြင့်မိုရ်၊ ရွှေသမီး၊ ခင်ဝင့်ဝါ၊ နန်းစန္ဒာလှထွန်းနဲ့ စံထိပ်ထားဦးတို့ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုယ်စီရရှိထားကြတာ ဖြစ်ပါတယ်။ ရုပ်ရည်လေးတွေကလည်း အပြစ်ဆိုဖွယ်မရှိအောင် ချောမောလှပလွန်းတဲ့ သူမတို့ကို ပရိသတ်တွေက ချစ်ခင်အားပေးနေရတာလည်း ဖြစ်ပါတယ်။ အခုလည်း သူမတို့မင်းသမီးချောလေးတစ်စုက ဓာတ်ပုံဆရာ အေးဇော်မိုးရဲ့မင်္ဂလာပွဲမှာ သတို့သမီးအရံ၊ လက်စွပ်ဗန်းကိုင်၊ ပန်းကြဲလေးတွေအဖြစ် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ဓာတ်ပုံဆရာ အေးဇော်မိုးရဲ့မင်္ဂလာပွဲကြီးမှာတော့ မေမြင့်မိုရ်၊ရွှေသမီး၊ခင်ဝင့်ဝါ၊နန်းစန္ဒာလှထွန်းနဲ့ မခိုင်လေးရဲ့သမီးလေး စံထိပ်ထားဦးတို့က ပါရမီဖြည့်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အလှတရားတွေကိုယ်စီနဲ့ ကျက်သရေရှိနေကြတဲ့ သူမတို့က ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း အတူရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ အခုလည်း စံထိပ်ထားနဲ့ ခင်ဝင့်ဝါတို့က မင်္ဂလာပွဲက အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားတာ ဖြစ်ပါတယ်။
ခင်ဝင့်ဝါကတော့ ''ဓါတ်ပုံရိုက် ဆုံတိုင်း လူပျိုကြီးရေ ဘယ်တော့စားရမလဲလို့ မေးမေးနေတာ ခုတော့ တကယ် စားရပြီပေါ့နော် Big Congratulations ကိုကြီး အေးဇော်မိုး နဲ့ အမ မအေးမွန် ယနေ့မှစပြီး နှစ်ပေါင်းများစွာချစ်ရသောသူတွေ နဲ့ ရာသက်ပန်ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် '' ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ သတို့သမီးအရံလေးအဖြစ်ပါဝင်ခဲ့တဲ့ ခင်ဝင့်ဝါနဲ့ အနုပညာညီအစ်မတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source :Khin Wint Wah's FB Acc & San Htae Htar Oo's FB Acc
Photo Credit- Ko Bhone
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။