အမြဲလှပ‌နုပျိုနေပြီး ဖက်ရှင်ကျကျနဲ့ဂေါ်နေတဲ့ မင်းသမီးချောလေးသင်ဇာ၀င့်ကျော်ကို ပရိတ်သတ်ကြီးအားလုံး သိကြမယ်ထင်ပါတယ်နော်။ သူမ အမြဲလလှပ‌နုပျိုနေဖို့အတွက် အနောက်ကနေပံ့ပိုးပေးကြတဲ့ သူနှစ်ယောက်ကိုလည်း ပရိတ်သတ်ကြီးမြင်ဖူးကြမယ်ထင်ပါတယ်။ သူမတို့နှစ်ယောက်ကတော့ သင်ဇာ့ရဲ့အချစ်တော်လေးတွေဖြစ်တဲ့ မေမေစွာနဲ့မားသူပါပဲနော်။


Photo Credit-Amazing Grace
Photo Credit-Amazing Grace

မကြာသေးမီက သင်ဇာ၀င့်ကျော်ဟာသူမရဲ့ facebookစာမျက်နှာတွင် "အဲ့အချိန်လေးတွေသတိရတယ် မေမေစွာနဲ့ မားသူ"ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ သင်ဇာဘယ်သွားသွား အမြဲပါလေ့ရှိပြီး ရယ်မောပျော်ရွှင်စေနိုင်တဲ့ သူလေးတွေဖြစ်ပါတယ်။ သင်ဇာ၀င့်ကျော်တစ်ယောက်ကတော့ သူမရဲ့အချစ်တော်နှစ်ယောက်နဲ့တင် ပျော်ရွှင်ကြည်နူးနေရတာပဲဖြစ်ပါတယ်။


Photo Credit-Thin Zar Wint Kyaw's Facebook acc
Photo Credit-Amazing Grace

သင်ဇာ၀င့်ကျော်ပါ၀င်သရုပ်ဆောင်ထားတဲ့ မြမြရုပ်ရှင်ကားကြီးဟာလည်း ယခုအချိန်ထိရုံတင်ပြသနေရဆဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော သင်ဇာလေးကိုအားပေးကြမယ်မလား။ မေမေစွာနဲ့ မားသူရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace

Source-Thin Zar Wint Kyaw's Facebook acc

Photo Credit-Thin Zar Wint Kyaw's Facebook acc/Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။