ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်း နည်းလမ်းတွေဖြင့် အသက်ရာကျော်ခဲ့တဲ့ လူများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သား သိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အသက် ၁၀၈နှစ် အရွယ်ထိ လူ့လောကမှာ နေထိုင်ခဲ့တဲ့ ဗြိတိသျှ အပျိုကြီး "Clara Meadmore" ကလျာမိဒ်မိုးရဲ့ အသက်ရှည်နည်းလမ်းကတော့ ရိုးရှင်းပါတယ်။ သူမရဲ့ လျှို့ဝှက်ချက်နည်းလမ်းကို အောက်မှာ ဆက်လက် ဖော်ပြပေးသွားပါ့မယ်။

photo credit pngtree

အပျိုကြီး ဆိုတဲ့ ဂုဏ်ပုဒ်အတိုင်း သူမရဲ့ အသက်ရှည်ရခြင်း အဓိကအချက်က အပျိုစင် ဘဝကို တစ်သက်တာ ထိန်းသိမ်းထားနိုင်တာ ကြောင့်ပဲ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ နည်းလမ်းလေးဖြစ်ပေမယ့် သူမလို ထိန်းသိမ်းနိုင်ဖို့က လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူးနော်။ ကလျာမိဒ်မိုးဟာ တစ်သက်လုံး ဘယ်ယောက်ျားနဲ့မှ ဆက်ဆံမှုမပြုခဲ့ဘဲ အပျိုစင်ဘဝဖြင့်သာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားများနဲ့ နီးစပ်ထိတွေ့မှုမရှိစေရန် အလုပ်များအမြဲလုပ်ကာ နေ့လေ့ရှိပြီး ဘဝရှင်သန်မှုအတွက် ရှာဖွေစားသောက်ရေးအပေါ်တွင်သာ အာရုံနှစ်ထားရသော မိန်းကလေးငယ် တစ်ဦးအဖြစ်သာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

အငြိမ်းစား အတွင်းရေးမှူးတစ်ဦးဖြစ်သော ကလျာမိဒ်မိုးဟာ ၁၉၂၀၊ ၁၉၃၀ ခုနှစ်များက သူမရဲ့ အပျိုအရွယ်တွင် အိမ်ထောင်ပြုရန် လုံး၀ စိတ်ကူးမရှိခဲ့ပါဘူး။ ရည်းစားများ လုံးဝမထားခဲ့ဘဲ သူမရဲ့ အချိန်များကို စာဖတ်ခြင်း၊ အပင်စိုက်ခြင်း၊ ချက်ပြုတ်ခြင်း၊ ရေဒီယို နားဆင်ခြင်းတို့ဖြင့်သာ ကုန်ဆုံးစေခဲ့တာ ဖြစ်ပါတယ်။ ဝိတိုရိယ ဘုရင်မကြီးကွယ်လွန်အပြီး နှစ် နှစ်အကြာ ၁၉၀၃ ခုနှစ်တွင် ဂလပ်စ်စကိုမြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကလျာမိဒ်မိုးက တိုင်းတန်းနစ် နစ်မြုပ်မှု နှင့် ပထမကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ပုံကို မကြာခဏပြောလေ့ရှိပါတယ်။ စိတ်မကောင်းစွာနဲ့ဘဲ ၂၀၁၁ ခုနှစ် အသက် ၁၀၈ နှစ်အရွယ်တွင် အဲ့အဖွားအိုဟာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်း ဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။