ပရိသတ်ကြီးတို့ရဲ့ အချစ်တော် အသည်းကျော်လေး ယွန်းဝတီလွင်မိုးကတော့ အနုပညာအလုပ်တွေလုပ်ဆောင်ကာ ရုပ်ရှင်ဇာတ်ကားကြီးတွေ စတင်ရိုက်ကူးနေပြီမို့ ပရိသတ်တွေကလည်း ကျေနပ်ပျော်နေကြမှာပါနော်..။

မကြာခင်မှာ ရိုက်ကူးတော့မယ့် ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်ကြတဲ့ ဖွေးဖွေး ပိုင်တံခွန်တို့နဲ့အတူ သရုပ်ဆောင်လောကထဲကို စတင်ကာ ခြေလှမ်းလိုက်တဲ့ ခေးလေးကိုတော့ “ရွှေဖူးစာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်တွေ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်နော်..။


Photo Credit - AlinnYaung Photography
Photo Credit - Yun Waddy Lwin Moe FB Page

ခေးလေးယွန်းကတော့ သူမအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖြစ်တဲ့ အဓိကအကြောင်းအရင်လေးကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း အသိပေးပြောပြလာပါတယ်နော်..။

အချိန်တန်ပြီလို့ ကိုယ့်ဘာသာကိုယ် ယုံကြည်မှုရှိသလို ဦးလွင်မိုးရဲ့ သမီးတစ်ယောက် ယွန်းဝတီလွင်မိုးအနေနဲ့ ရုပ်ရှင်လောကထဲကို အတွေ့အကြုံလေးရချင်ပြီး သင်ယူချင်တာကြောင့် ရုပ်ရှင်စရိုက်ဖြစ်တာပါဆိုပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်..။


Photo Credit - Yun Waddy Lwin Moe FB Page
Photo Credit - Ye Min Ko

ပထမဆုံးရိုက်မယ့် ကားဆိုတော့ အကုန်လုံးနဲ့ မဆုံခင်က အရမ်းစိတ်လှုပ်ရှားသလို ဦးလွင်မိုးကလည်ူ သမီးရဲ့ဆုံးဖြတ်ချက်ကို အမြဲထောက်ပံ့ပေးပြီး အခု သမီးရုပ်ရှင်ရိုက်ချင်တယ်ဆိုတော့လည်း ခွင့်ပြုတဲ့အကြောင်းလေးနဲ့ သူမရဲ့ ဆန္ဒနဲ့ တကယ်ကြိုးစားချင်ရင် အားပေးတဲ့ ခင်ပွန်းဖြစ်သူအကြောင်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။

သရုပ်ဆောင်ပိုင်းကို စလုပ်ဖြစ်တဲ့အကြောင်း ပြောပြထားတဲ့ ပရိသတ်တွေအချစ်တော် ခေးလေးယွန်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုကင်ပါတယ်နော်..။

Photo Credit - Ye Min Ko
Photo Credit - Yun Waddy Lwin Moe FB Page

Photo Credit - Yun Waddy Lwin Moe FB Page & Ye Min Ko & AlinnYaung Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။