အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းကိုပိုင်ဆိုင်ထားပြီး ပုရိသတွေရဲ့ရင်ကိုလှုပ်ခတ်စေနိုင်တဲ့သူလေးကတော့ မော်ဒယ်မင်းသမီး‌လေးသင်ဇာ၀င့်ကျော်ပါ။ သူမဟာ သရုပ်ဆောင်မင်းသမီးတစ်ယောက်အပြင် sexy modelတစ်ယောက်အနေနဲ့ပါ အောင်မြင်စွာရပ်တည်နေပြီး ပရိတ်သတ်အားပေးမှုရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့ပြင်သင်ဇာဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ မြမြရုပ်ရှင်ကားကြီးမှာလည်း ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပြီး အောင်မြင်မှုရရှိ‌နေတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။


Photo Credit-Amazing Grace
Photo Credit-Amazing Grace

မကြာသေးမီက မြမြရဲ့ Facebook pageမှာ သူမဟာ ပရိသတ်တွေနဲ့တွေ့ဖို့အတွက် "နေ့လည်စာကို ကားပေါ်မှာပဲစားခဲ့တယ်"ဆိုတဲ့ captionလေးနဲ့ ပုံလေးတင်ပေးလာပါတယ်။ မြမြရဲ့ အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ သင်ဇာ၀င့်ကျော်ဟာ ချစ်ပရိတ်သတ်ကြီးနဲ့တွေ့ဆုံရန်အတွက် နေ့လည်စာကိုကားပေါ်မှာပဲ စားခဲ့တာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေအတွက် အကောင်းဆုံးကြိုးစားနေတဲ့သင်ဇာလေးပါပဲနော်။


Photo Credit-Amazing Grace
Photo Credit-Amazing Grace

မြမြရုပ်ရှင်ကားကြီးဟာ ပရိတ်သတ်အားပေးမှုအပြည့်အ၀ရရှိထားတာဖြစ်ပြီး ယခုအချိန်ထိတိုင်ရုံတင်ပြသနေရဆဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ဒီဇာတ်ကားကြီးကိုသဘောကျကြတယ်မလား။ သင်ဇာလေးရဲ့ ပုံရိပ်လေးတွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace

Source-မြမြ's Facebook page

Photo Credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။