စံထိပ်ထားဦးကတော့ ပရိသတ်အချစ်တော်သရုပ်ဆောင် မင်းသမီးချော ခိုင်သင်းကြည်ရဲ့တစ်ဦးတည်းသောသမီးလေးဖြစ်တယ်ဆိုတာ အားလုံးက သိပြီးသားဖြစ်ကြမယ်ထင်ပါတယ်နော်။ ကလေးဘဝအရွယ်ကတည်းက အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့တဲ့ စံထိပ်ထားလေးက အခုဆိုရင် အသက် (၁၇) နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ စံထိပ်ထားလေးကို ဖေဖေနဲ့မေမေက အရမ်းချစ်ကြသလို ပရိသတ်တွေကလည်း ချစ်ခင်နေရတာ ဖြစ်ပါတယ်။

Photo Credit-San Htate Htar Oo's FB Acc
Photo Credit-San Htate Htar Oo's FB Acc
Photo Credit-San Htate Htar Oo's FB Acc

ပညာရေးဘက်ကို အာရုံစိုက်နေတဲ့ ထိပ်ထိပ်လေးက အနုပညာအလုပ်တွေကိုလည်း တတ်နိုင်သလောက်လုပ်ကိုင်ရင်း မေမေခိုင်သင်းကြည်ရဲ့အနုပညာအမွေကို ဆက်ခံနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ထိပ်ထိပ်လေးက ပွဲအခမ်းအနားလေးတွေကို တက်ရောက်နေတာ ဖြစ်ပါတယ်။ အနုပညာပါရမီပါတဲ့ ထိပ်ထိပ်လေးက အခုလည်း သီချင်းလေးတစ်ပုဒ်ကို အသံချိုချိုလေးနဲ့ သီဆိုပြလိုက်တာ ဖြစ်ပါတယ်။

Photo Credit-San Htate Htar Oo's FB Acc
Photo Credit-San Htate Htar Oo's FB Acc
Photo Credit-San Htate Htar Oo's FB Acc

ထိပ်ထိပ်လေးက သူမချစ်ရတဲ့သူငယ်ချင်းလေးနဲ့အတူ အဆိုတော်နီနီခင်ဇော်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ "အလကားပဲ" သီချင်းကို သီဆိုပြလိုက်တာ ဖြစ်ပါတယ်။ ဂီတာလေးတီးပြီး သီချင်းဆိုပြထားတဲ့ ထိပ်ထိပ်လေးတို့သူငယ်ချင်းနှစ်ယောက်ရဲ့ အသံလေးတွေကလည်း တကယ့်ကိုနားဝင်ချိုနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခိုင်သင်းကြည်ရဲ့သမီးလေး စံထိပ်ထားရဲ့သီချင်းဆိုဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-San Htate Htar Oo's IG Acc 

Photo Credit-San Htate Htar Oo's FB Acc
Photo Credit-San Htate Htar Oo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။