ပရိသတ်ကြီးရေ.. ဖွေးစိန်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဖွေးဖွေးကတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးချောတစ်လက်ဖြစ်သလို ပွင့်လင်းပြီး ကလေးလေးတစ်ယောက်လိုလည်း ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် အပြစ်ကင်းပြီးဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေနဲ့ ကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေနဲ့ ကလေးတွေကအစ ချစ်ခင်အားပေးကြသူလေးပါ..။


Photo Credit - Amazimg Grace
Photo Credit - Li John Phoytography
Photo Credit - Li John Phoytography

အနုပညာအလုပ်တွေနဲ့ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေတဲ့ ပြည်သူ့အသည်းကျော် ရွှေမင်းသမီးလေးဖွေးစိန်ကတော့ ချစ်သူများနေ့က နှင်းဆီပန်း လက်ဆောင်ပန်းစည်း Surprise ရတဲ့အကြောင်းလေးနဲ့ အလှူတွေမှာ လိုက်စားဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြလာပါတယ်..။

နှင်းဆီပန်းစည်း Surprise လေးကတော့ ပရိသတ်တွေပေးတာဖြစ်ပြီး သူများမင်္ဂလာဆောင်တွေနဲ့ အလှူတွေမျာ လိုက်စားဖြစ်တဲ့ သူမရဲ့ V Day နေ့လေးအကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။


Photo Credit - Amazimg Grace
Photo Credit - Amazimg Grace
Photo Credit - Li John Phoytography

V Day လေးကတော့ ချစ်သူရည်းစားတွေမှ မဟုတ်ဘဲ မိသားစု သူငယ်ချင်းမိတ်ဆွေတွေအပြင် ခွေးလေး ကြောင်လေး အိမ်မွေးတိရိစ္ဆာန်လေးတွေကိုလည်း အကုန်လုံး အားလုံးကို ချစ်လို့ ရတဲ့နေ့လေးပါဆိုပြီးတော့လည်း ဖွေးစိန်လေးက ပြောပြထားပါသေးတယ်နော်..။

နှင်းဆီပန်းစည်း Surprise လက်ောဆင်လေး ရလိုက်တဲ့ ခံစားချက်လေးကတော့ မိန်းကလေးဖြစ်တာမို့ ပန်းရရင် ပျော်တဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားတဲ့ ဖွေးစိန်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Li John Phoytography
Photo Credit - Amazimg Grace
Photo Credit - Amazimg Grace

Photo Credit - Amazimg Grace & Li John Phoytography


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။