အမိုက်စားအသံပါဝါကောင်းကောင်းလေးတွေအပြင် အများနဲ့မတူတဲ့ အလန်းစားဖက်ရှင်လေးတွေနဲ့ သီချင်းကောင်းလေးတွေကို ခပ်မိမိလေး သီဆိုဖျော်ဖြေတတ်သူလေးကတော့ အဆိုတော်ဖြူဖြူကျော်သိန်းပဲ ဖြစ်ပါတယ်နော်..။သူမ ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသလို လတ်တလောအချိန်တွေမှာလည်း သီချင်းကောင်းလေးတွေထွက်ရှိနေပြီး ရှိုးပွဲတွေလည်း သီဆိုဖျော်ဖြေနေတာပဲဖြစ်ပါတယ်။ 

Photo Credit; Zyan Oo Ko
Photo Credit; Zyan Oo Ko

သီချင်းတွေနဲ့စင်မြင့်ထက်မှာဖျော်ဖြေရင်လည်း သူမတူတဲ့ဒီဇိုင်းအလန်းတွေကြောင့် ပရိသတ်တွေကြားမှာရေပန်းစားနေတာဖြစ်ပါတယ်နော်။ ဖြူဖြူကျော်သိန်းက အခြားဂီတအနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတာ ပရိသတ်တွေ တွေ့မြင်နေကြမှာပါပဲနော်..။ အခုလက်ရှိမှာလည်းသူမက" MAB ဆေးရောင်ခြယ် RUN "ဆိုတဲ့ စာသားလေးနဲ့ အတူ စင်မြင့်ထက်မှာ အမိုက်စား သီဆိုဖျော်ဖြေနေတဲ့ ပုံရိပ်တွေကို လှုမှုကွန်ယက်စာမျက်နှာမှတဆင့်မျှဝေထားတာပဲဖြစ်ပါတယ်။ 

Photo Credit; Zyan Oo Ko
Photo Credit; Zyan Oo Ko

ဖြူဖြူကျော်သိန်းက ဉာဏ်ပညာဗဟုသုတနဲ့လည်းပြည့်စုံပြီး သူမ သိတဲ့အကြောင်းအရာတွေကိုလည်း ပရိသတ်တွေအတွက်ပြန်လည်မျှဝေနေတာကြောင့် ပရိသတ်တွေက သူမက ပိုမိုချစ်မြတ်နိုးနေတာပဲဖြစ်ပါတယ်။ သူမက ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ အေးချမ်းစွာနေထိုင်တတ်သူတစ်ယောက်ပါနော်။ အခုလည်း သူမရဲ့ စင်မြင့်ထက်က ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ 

Photo Credit; Zyan Oo Ko
Photo Credit; Zyan Oo Ko
Photo Credit; Zyan Oo Ko

Photo Credit; Zyan Oo Ko

Source; Phyuphyukyawthein's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။