သီချင်းကောင်းလေးတွေ ကိုယ်တိုင်ရေးသားသီဆိုတတ်တဲ့ rapperကောင်လေး G Fattကိုပရိတ်သတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူဟာ တစ်ကိုယ်တော်တေးစီးရီး albumများကိုလည်း အောင်မြင်စွာထုတ်လုပ်ထားတာဖြစ်ပြီး ပရိတ်သတ်အားပေးမှုအပြည့်အ၀ရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ G Fattဟာ စိုင်းစိုင်းတို့နဲ့အတူ Frenzo tourများကိုလည်း မြန်မာပြည့်အနှံ့ အောင်မြင်စွာဖျော်ဖြေနေတဲ့သူတစ်ယောက်ဆိုလည်း မှားမယ်မထင်ပါဘူးနော်။


Photo Credit-G Fatt's Facebook acc
Photo Credit-G Fatt's Facebook acc

မကြာ‌သေးမီက G Fattဟာသူ့ရဲ့facebookစာမျက်နှာတွင် "Beauty City 1st Anniversary ပွဲမှာ ​တွေ့လာတာ ကိုလင်းလင်း​ရော ဆို​တော့ ခ​လေးထိန်းနေတယ်တဲ့ ကိုကြီး​ရေ Htwe Lynn Ko "ဆိုတဲ့ captionလေးနဲ့ ချစ်သုဝေနဲ့အတူ တွဲရိုက်ထားတဲ့ပုံလေးကိုတင်ပေးလာပါတယ်။ သူတို့နှစ်ဦးဟာ ပွဲအခမ်းအနားတစ်ခုမှာတွေ့ဆုံကြရင်း တစ်ယောက်နဲ့တစ်ယောက်စနောက်ကာ စကားပြောဖြစ်ကြတာဖြစ်ပါတယ်။


Photo Credit-G Fatt's Facebook acc
Photo Credit-G Fatt's Facebook acc

G Fattဟာ မကြာသေးမီက သူ့ရဲ့တစ်ကိုယ်တော် One Man showပွဲကြီးကိုလည်းအောင်မြင်စွာကျင်းပထားတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော G Fattကိုအားပေးကြမယ်မလား။ ပွဲအခမ်းအနားတစ်ခုမှာတွေ့ဆုံကြတဲ့ ချစ်သုဝေနဲ့ G Fattတို့ရဲ့ပုံရိပ်လေးကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-G Fatt's Facebook acc
Photo Credit-G Fatt's Facebook acc

Source-G Fatt's Facebook acc

Photo Credit-G Fatt's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။