ပရိသတ်ကြီးရေ.. ယွန်းယွန်းလို့ ဆိုလိုက်တာနဲ့ အရွယ်လေးနဲ့မလိုက်အောင် ပီပြင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ အပြုံးလှပိုင်ရှင်လေးကို အားလုံးပဲ ပြေးမြင်မိကြမှာပါနော်..။

ပြုံးလိုက်တိုင်းမှာ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်အပြုံးချိုချိုလေးတွေနဲ့ ဆံနွယ်ရှည်လေးတွေအပြင် အရွယ်ရောက်လာတာနဲ့အမျှ ပိုပိလှလာပြီး ချစ်စရာကောင်းကာ ကျော့ရှင်းတဲ့အလှတရားတွေနဲ့လည်း ပရိသတ်တွေရဲ့သည်းသည်းလှုပ်အချစ်တွေကို အခိုင်အမာရရှိထားသူလေးပါပဲ..။


Photo Credit - Amazing Grace
Photo Credit - Ko Bhone

အချစ်တော်လေး ယွန်းယွန်းကတော့ အချိန်တစ်ခုရောက်ရင် ဆံပင်ပုံစံပြောင်းဖို့ရှိပြီး အသက်အရမ်းမကြီးခင်မှာ သီလရှင်ဝတ်ကာ မဝတ်နိုင်တဲ့လူငယ်မိန်းကလေးတွေကိုလည်း သူမနဲ့အတူ သီလရှင်ဝတ်ပေးမယ့်အကြောင်းလေးတွေကို ပြောပြလာပါတယ်..။

လူကြီးအရမ်းမဖြစ်ခင်မှာ သီလရှင်ဝတ်ချင်တာကြောင့် အခွင့်အရေးရရင် ဆံပင်ကို စွန့်လွှတ်မှာဖြစ်ပြီး ငယ်ငယ်တုန်းကတော့ သီလရှင်ဝတ်ဖူးပေမယ့် အခုကြီးလာတဲ့အချိန်မှာ မဝတ်ဖူးတာမို့ အရွယ်နည်းနည်းရလာတော့ လူကြီးအရမ်းမဖြစ်ခင်ျျွာ သီချင်ရှင်ဝတ်ချင်တာပါဆိုပြီးတော့ ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Ko Bhone
Photo Credit - Amazing Grace

ကလေးဘဝက သီလရှင်ဝတ်ဖူးပေမယ့် ဘာမှန်းမသိလိုက်တာကြောင့် အခုအသက်ကြီးလာတဲ့အချိန်မှာ သီလရှင်ဝတ်တယ်ဆိုတာ ဘာလဲဆိုတဲ့စိတ်နဲ့ ဝတ်ချင်တာပါဆိုပြီးတော့လည်း ယွန်းယွန်းလေးက ပြောပြထားပါသေးတယ်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ သီလရှင်ဝတ်ချင်တဲ့အကြောင်းလေးနဲ့ သီလရှင်မဝတ်နိုင်တဲံ မိန်းကလေးလူငယ်လေးတွေကို သူမနဲ့အတူ ဝတ်ပေးမယ့်အကြောင်းလေးတွေကို ပြောပြထားတဲ့ ယွန်းယွန်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Ko Bhone
Photo Credit - Ko Bhone

Photo Credit - Amazing Grace & Ko Bhone


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။