ယခုလတ်တလော လူမှုကွန်ယက်ပေါ်မှာ အိုင်းရင်းနဲ့ ကောင်းကောင်းတို့ ကိစ္စတွေဟာ ပရိသတ်စိတ်ဝင်စားစရာ ဖြစ်လို့နေပါတယ်။ (၈) နှစ်ကျော်ကြာတွဲခဲ့တဲ့ ကောင်မလေးကိုထားခဲ့ပြီး ရည်းစားသစ်ရသွားတာကြောင့် ဝေဖန်မှုတွေခံနေရတဲ့ ကောင်းကောင်းတစ်ယောက်က ယခုလို ထပ်မံပြောဆိုထားတာ တွေ့ရပါတယ်။

အိုအေစစ်ဂျာနယ်ရဲ့ အင်တာဗျူးမှာ ကောင်းကောင်းက သူတို့နှစ်ယောက်ပြတ်ဆဲသွားတာဟာ အဓိကက စိတ်သဘောထား မတိုက်ဆိုင်တာကြောင့်လို့ ဆိုထားပါတယ်။ အိုင်းရင်းကိုလည်း ညီမလေးလို့ သုံးနှုန်းထားပြီး သူမက သူ့အတွက် အမြဲတမ်းညီမလေးပါဆိုပြီး ပြောထားပါတယ်။

"ကျွန်တော့်ရဲ့ ဆန္ဒထဲမှာသူက အမြဲတမ်းညီမလေးပါ။ သူတို့ကျေးဇူး ကျွန်တော့်အပေါ် အများကြီးရှိပါတယ်။ ကျွန်တော်သူတို့ဝယ်ထားတဲ့ အင်းစိန်ကခြံမှာဆိုရင် သုံးနှစ်နေခဲ့တယ်။ ကျွန်တော်လိုအပ်တဲ့အချိန်မှာ ကျွန်တော့်ကို အမြဲဖြည့်ဆည်းပေးတယ်။ သူ့အစ်မဆိုလည်း စားဝတ်နေရေး၊ ကျန်းမာရေးစတာတွေ ကူညီပေးတဲ့အပိုင်းတွေလည်းရှိတယ်။ သူတို့ကို ဆုတောင်းခြင်းတွေနဲ့ အမြဲတမ်းသတိရနေပါတယ်။ နောက်တစ်ခုက သူ့ဘဝအတွက် အကောင်းဆုံးလက်တွဲဖော်အဖြစ် ကျွန်တော့်ထက် အဆပေါင်း ၁၀၀၊ ၁၀၀၀ လောက်သာတဲ့သူနဲ့ တွေ့ပါစေလို့ ဆုတောင်းပေးပါတယ်" လို့ ဆိုပါတယ်။

လက်ရှိချစ်သူနဲ့ မင်္ဂလာသတင်းကိုတော့ မကြာခင်ပေါ့ဆိုပြီး ယခုလိုဖြေဆိုထားတာတွေ့ရပါတယ်။

"မကြာခင်ပေါ့။ အစက အေးအေးဆေးဆေးလုပ်ဖို့ စိတ်ကူးရှိတယ်။ အခုလို Facebook မှာ ပလူပျံတော့ ကျွန်တော် Official တွဲမယ့် မိန်းကလေးကိုတော့ အရမ်းအားနာတယ်။ ကျွန်တော်တို့ကြားမှာလည်း သူက ဘာအပြစ်မှမရှိတဲ့ သိုးဖြူလေးတစ်ကောင်ပါ။ အမြန်ဆုံး လက်ထပ်နိုင်အောင်ကြိုးစားနေပါတယ်။ အခုလို ပြောကြ ဆိုကြဆိုတော့သူလည်း မျက်ရည်နဲ့မျက်ခွက်ပါပဲ" လို့ သူကဆိုပါတယ်။

Source: Oasis

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။