အသည်းကွဲသီချင်းများသာမကပဲ သီချင်းမျိုးစုံကို အသံအေးအေးလေးနဲ့ သီဆိုတတ်သူကတော့ အဆိုတော်မလေး ဆိုဖီယာပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းတိုင်းဟာလည်း လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ဆိုဖီယာဟာ Myanmar Idol Season(1) မှာ ဝင်ရောက်ယှဉ်ပြိုင်ကာ ဂီတလောကကို ဝင်ရောက်လာသူပဲ ဖြစ်ပါတယ်။ 

Photo Credit- Nyi Nyi Maung’s Tik Tok and Sophia Everest Aurora Facebook Account
Photo Credit- Nyi Nyi Maung’s Tik Tok and Sophia Everest Aurora Facebook Account
Photo Credit- Nyi Nyi Maung’s Tik Tok and Sophia Everest Aurora Facebook Account

အဆိုတော်မလေး ဆိုဖီယာကတော့ အနုပညာလမ်းကြောင်းပေါ်မှာ သီချင်းကောင်းကောင်းလေးနဲ့ ရပ်တည်နေသလို ဆွဲဆောင်မှုရှိတဲ့သူမရဲ့အမိုက်စားဖက်ရှင်တွေကြောင့်လည်း ပရိသတ်တွေကအားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ သူမဟာ မိန်းကလေးတစ်ယောက်အနေနဲ့ပြီးပြည့်စုံသောအလှနှင့်ပိုင်ဆိုင်နေသောသူဖြစ်ပြီး သူမသီဆိုသော သီချင်းအများစုကလည်း ပရိတ်သတ်တွေရဲ့အကြိုက်နဲ့ထပ်တူကြခဲ့ပါတယ်။

Photo Credit- Nyi Nyi Maung’s Tik Tok and Sophia Everest Aurora Facebook Account
Photo Credit- Nyi Nyi Maung’s Tik Tok and Sophia Everest Aurora Facebook Account

သူမဟာ အခုမှာလည်း သီချင်းခွေအသစ်အတွက် အဆိုတော် စန္ဒီမြင့်လွင်နဲ့အတူ အခွေကာဗာအတွက် ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီအခွေသစ်လေးကို ပရိသတ်တွေထံ မကြာခင် ချပြတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source And Photo Credit- Nyi Nyi Maung’s Tik Tok and Sophia Everest Aurora Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။