ပရိသတ်ကြီးရေ Beauty Blogger တစ်ယောက်ကနေ မင်းသမီးလေးဖြစ်လာခဲ့တဲ့ နေခြည်ဦးဟာဆိုရင် နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်မှုတွေကို ရရှိလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။နေခြည်ဦးကိုချစ်တဲ့ပရိသတ်တွေကတော့ ချီချီလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့ အနုပညာခြေလှမ်းတိုင်းကို စောင့်ကြည့်ပြီး တစ်ခဲနက်အားပေးဝန်းရံနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

နေခြည်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပရိသတ်တွေက ကြိုက်နှစ်သက်ကြပြီး အားပေးကြည့်ရှု့ကြပါတယ်။ချီချီကတော့ ပြည်တွင်း၊ပြည်ပ ခရီးတွေကိုသွားလာနေပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာဖြစ်ပါတယ်။ကိုရီးယားနိုင်ငံကိုလည်း သွားရောက်ပြီး ခွဲစိတ်မှုတွေပြုလုပ်ထားတဲ့ ချီချီက အရမ်းကိုဆွဲဆောင်မှုရှိရှိလှပလာတာကို ပရိသတ်ကြီးလည်း တွေ့မြင်နေရမှာပါနော်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

အခုဆိုရင်လည်း နေခြည်ဦးက ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ (၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားပွဲလေးကို တက်ရောက်လာတာဖြစ်ပါတယ်။ချီချီကတော့ ခေတ်နဲ့သစ်လေးကိုလည်း အရမ်းချစ်နေပြီး သူတို့လေးတွေနဲ့ အတူဆော့ကစားပေးနေတာပါနော်။ချီချီက"သူတို့လေးတွေနဲ့ စတွေ့လိုက်ရတဲ့နေ့ ကိုယ်ပိုင်မိသားစုဘဝလေး လိုချင်သွားတဲ့နေ့ပဲ"ဆိုပြီး ရေးသားထားကာ ချစ်စရာပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

Source&Photo Credit:Nay Chi Oo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။