ကလေးဘဝတည်းကစပြီး ကြော်ငြာလေးတွေရိုက်ကူးရာမှတစ်ဆင့် ပရိသတ်တွေရဲ့အချစ်တွေကိုယနေ့ထိတိုင်အောင်ရယူထားသူကတော့ ယွန်းဝတီလွင်မိုးပါ။ ခေးလေးဟာ ကလေးတစ်ယောက်လိုအမူအရာလေးတွေနဲ့ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေက ချစ်မဝဖြစ်နေရတာပါ။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ဩစတေးလျနိုင်ငံတွင် ကျောင်းသွားတက်နေကြတာပါ။

Photo Credit- Yunwaddy Lwin Moe’s Facebook Account
Photo Credit- Yunwaddy Lwin Moe’s Facebook Account
Photo Credit- Yunwaddy Lwin Moe’s Facebook Account

ခေးလေးဟာ မကြာခင်မှာလည်း " ရွှေဖူးစာ " ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မှာဘဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးဟာ ခေးလေးရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး သူမ ကျောင်းသွားပြန်မတက်ခင် ရိုက်ကူးမှာဘဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ 

Photo Credit- Yunwaddy Lwin Moe’s Facebook Account
Photo Credit- Yunwaddy Lwin Moe’s Facebook Account
Photo Credit- Yunwaddy Lwin Moe’s Facebook Account

အခုမှာလည်းသူမရဲ့ Instagram Stories မှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ ခေးလေးဟာ သားလေးရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ကာ ချစ်မဝဖြစ်နေလွန်းတာပါ။

ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးနဲ့လီလီလုံးလေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit - Yunwaddy’ s Instagram Stories 

Photo Credit- Yunwaddy Lwin Moe’s Facebook Account
Photo Credit- Yunwaddy Lwin Moe’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။