ညီအစ်မနှစ်ယောက်လုံး အရပ်ကလည်းရှည်၊ ချောလဲချော စတိုင်လဲကျလွန်းတော့ ဘာပြောကောင်းမလဲ..sister goal ရယ်လို့ လတ်တလောလူမှုကွန်ယက်မှာ ပရိသတ်တွေဝေမျှမှုများနေတဲ့ပုံတွေကတော့ အဆိုတော်လိမ္မော်သီးနဲ့ ဝေလာရီတို့ရဲ့ ညီအစ်မနှစ်ယောက်ရဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။

အရပ်ရှည်ရှည်နဲ့ မွန်သွေးပါတဲ့ညီအစ်မနှစ်ယောက်လုံးဟာ ဘယ်လိုဖက်ရှင်မျိုးမှာမဆို လှလွန်းတာမို့ ပရိသတ်တွေ အင်မတန်အားကျရတာပဲဖြစ်ပါတယ်။ ဆံပင်အနက်ရောင်အရှည်နဲ့ ညီအစ်မနှစ်ယောက်ဟာ အဝတ်အစားတွေဝတ်တဲ့အခါ ဆင်တူဝတ်ရတာကို အတွေ့များပြီး အချိုးအစားကျနတဲ့ သူတို့ခန္ဓာကိုယ်နဲ့ လိုက်ဖက်လွန်းတာကိုတွေ့ရမှာပါ။

ပရိသတ်တွေ သဘောအကျဆုံးကတော့ ညီအစ်မနှစ်ယောက်ရဲ့ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်မှုတွေပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူက မွန်ဖြစ်တာကြောင့် မွန်သွေးပါပြီး မွန်စကားလဲပြောတတ်ပြီး မွန်လူမျိုးတွေကိုချစ်မြတ်နိုးရပါတယ်လို့ အဆိုတော်လိမ္မော်သီးက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာကိုတွေ့ရပါတယ်။ ဒါ့အပြင် သူမရဲ့တတိယအခွေထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Source : facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။