မေလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ချစ်စရာကောင်းသူလေးမို့ ပရိသတ်တွေအားလုံးက တခဲနက်အားပေးဝန်းရံကာ ချစ်ခင်နေကြသူလေးပဲ ဖြစ်ပါတယ်..။

ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ရင်ထဲရောက်ရှိလာခဲ့ပြီး သရုပ်ဆောင်ကောင်းမှုတွေကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ဆက်တိုက်ရိုက်ကူးနေတဲ့ မေလေးကတော့ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိရှိ မြန်မာဆန်ဆန် အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account

သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ မေလေးကတော့ အခုတစ်ခါမှာလည်း ခပ်မိမိလေး ဓာတ်ဖမ်းထားတဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

အချစ်တော်မေလေးကတော့ လတ်တလောမှာ ပုဂံကို ရောက်ရှိနေတာဖြစ်ပြီး ချစ်စရာကောင်းကာ ဆွဲဆောင်မှုရှိတဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့အတူ တစ်ယောက်တည်းနေရတာ အမြဲမိုက်နေတယ်ဆိုပြီးတော့လည်း ပြောထားပါသေးတယ်နော်..။

Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account

"တစ်ယောက်တည်းနေရတာ အမြဲမိုက်နေတာပဲ.." ဆိုပြီး ခပ်မိမိ စတိုင်လ်ကျကျလေး ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

ပရိသတ်အသည်းကျော် မေလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် မျှဝေတင်ဆက်ပေးလိုက်မို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account

Source & Photo Credit - May Myint Mo's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။